Pages

Monday, January 7, 2019

AA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသည့် ရဲတပ်ဖွဲ့ ဝင်များနှင့် ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ထောက်ပံ့ ငွေများ ပေးအပ်

AA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသည့်  ရဲတပ်ဖွဲ့ ဝင်များနှင့် ကျဆုံး ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် များအား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ထောက်ပံ့ ငွေများ ပေးအပ်
-
နေပြည်တော် ဇန်နဝါရီ ၆ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးဆောင်ရွက်နေသော ရဲကင်း စခန်းလေးခုကို ဇန်နဝါရီ ၄ ရက်  နံနက်ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့မှု ကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ကျဆုံးပြီး အချို့မှာ ဒဏ်ရာရရှိခဲ့သည်။
-
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ များအနက် မောင်တောမြို့၊ ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိသည့် ရဲတပ်ဖွဲ့ဝင်ခြောက်ဦးအား ယနေ့နံနက်ပိုင်း တွင် ဘူးသီးတောင်တပ်နယ်မှ ဗိုလ်မှူးကြီး လှမိုးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများမှ ထောက် ပံ့ သည့် တစ်ဦးလျှင် ငွေကျပ်ငါးသိန်းနှုန်းနှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်သည်။
-
-
ထို့နောက် ဗိုလ်မှူးကြီးလှမိုးနှင့်အဖွဲ့ဝင် များသည် နယ်မြေခံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ခန်းမ၌ ဖြစ်စဉ်တွင်ကျဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၏မိသားစုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားပြီး တပ်မတော် (ကြည်း၊ ရေ၊  လေ) မိသား စုများမှ ထောက်ပံ့သည့် တစ်ဦးလျှင်ငွေကျပ် ၁ဝ သိန်းနှုန်းကို တက်ရောက်လာသော ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ခြောက်ဦးအား အသီးသီး ပေးအပ်ပြီး တက်ရောက်ရန်ကျန်ရှိနေသည့် ကျဆုံး ရဲတပ်ဖွဲ့ဝင်ခုနစ်ဦး၏ မိသားစုများ အတွက် ထောက်ပံ့ငွေအား မိသားစုဝင်များ ကိုယ်စား ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး နယ်မြေခံ နယ်ခြားစောင့် ရဲမှူးကြီး ဝင်းသိန်းက လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:

Post a Comment