Pages

Wednesday, January 2, 2019

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်
-
နေပြည်တော်  ဇန်နဝါရီ   ၁ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိနေသည့် အမှတ်(၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ တစ်ဖွဲ့သည် ကားလမ်းပေါ်ရှိ စေတောင်ရွာ၌ ခေတ္တအခြေပြုနေစဉ် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်တွင် ခေါင်းဆောင်စိစစ်ဆဲ AA အဖွဲ့အင်အား (၃ဝ)ခန့်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ (၁ဝ) မိနစ်ခန့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး AA အဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ချိန်တွင် ကျေးရွာအတွင်း၌လည်း ရွာသူ/ရွာသားများ ရှိနေပြီး ရဲတပ်ဖွဲ့၏ စနစ်တကျ ထိန်းသိမ်းကြပ်မတ်မှုကြောင့် ရွာသူ/ ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဆုတ်ခွာသွားသည့် AA အဖွဲ့အား တပ်မတော် စစ်ကြောင်းများမှ ပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။    
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment