Pages

Friday, December 21, 2018

YANGON WATER BUS ခရီးစဉ် ဒုတိယလမ်းကြောင်းအဖြစ် ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲရန်စီစဉ်

Yangon Water Bus ခရီးစဉ် ဒုတိယလမ်းကြောင်းအဖြစ် ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲရန်စီစဉ်
-
ရန်ကုန် ဒီဇင်ဘာ ၂ဝ 
-
Yangon Water Bus ခရီးစဉ် ဒုတိယ လမ်းကြောင်းအဖြစ် ငမိုးရိပ်ချောင်းအတွင်း ခရီးစဉ် လမ်းကြောင်း သတ်မှတ်၍ ပြေးဆွဲရန် စီစဉ်ထားပြီး ၂ဝ၁၉ ခုနှစ် ဧပြီလတွင် အကောင်အထည် ဖော်နိုင်ရန် မျှော်မှန်းထားကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။ ''အခုတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ။ လာမယ့်ဧပြီလ လောက်တော့ ပြေးဆွဲနိုင်ဖို့ မှန်းထားပါတယ်။ အစမ်းမောင်းနှင်ကြည့်တာတွေ အပါအဝင် မြေပြင်မှာ အသေး စိတ်လုပ်ဆောင်ရမယ့် ကိစ္စတွေ၊ ဆိပ်ကမ်းတွေ အတွက်လည်း ဒီရက်ထဲ ပြီးစီးအောင် လုပ် ဆောင်နေပါတယ်'' ဟု တင့်တင့် မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
ငမိုးရိပ်ချောင်းအတွင်း အကောင်အထည်ဖော်မည့် ဒုတိယခရီးစဉ် ပြေးဆွဲရာတွင် ရေယာဉ် ၁ဝ စင်း အထိ အသုံးပြုနိုင်ရန် လျာထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ မြစ်ကြောင်း ထိန်းသိမ်းရေး ကျွမ်းကျင်သူများ၊ ရေကြောင်း ပညာရှင်များ ပူးပေါင်း၍ ဆိပ်ကမ်းတည်ဆောက်မှုများ၊ ရေလမ်း ကြောင်း အခြေအနေများအတွက် ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင် လျက်ရှိသည်။ 
-
Yangon Water Bus အနေဖြင့် လက်ရှိတွင် ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်ကို ရေယာဉ် ၁၃ စင်းအသုံးပြု၍ ပြေးဆွဲပေးလျက်ရှိကြောင်း၊ အခါကြီးရက်ကြီးများတွင်လည်း အပန်းဖြေခရီးစဉ် အဖြစ် တွံတေးနှင့် ကျောက်တန်းမြို့နယ်တို့သို့ ပြေးဆွဲပေးနေပြီး အဆိုပါ ခရီးစဉ်များတွင် စီးနင်းသူ ခရီးသည်ပေါင်း တစ်နှစ်လျှင် ၁၂ သန်း အထိရှိလာစေရန် မျှော်မှန်းထားကြောင်း သိရသည်။  
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment