Pages

Thursday, December 13, 2018

KIA၊ MNDAA နှင့် RCSS/SSA (ရွက်ဆစ်)အဖွဲ့များမှ အဖွဲ့ဝင် ၁၇ ဦး လက်နက် ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်

KIA၊ MNDAA နှင့် RCSS/SSA (ရွက်ဆစ်)အဖွဲ့များမှ အဖွဲ့ဝင် ၁၇ ဦး လက်နက် ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်
-
နေပြည်တော်၊ ဒီဇင်ဘာ - ၁၂ 
-
လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း၌ အေးချမ်းစွာ နေထိုင်လိုခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို ရွံရှာမုန်းတီးလာခြင်းတို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှ အဖွဲ့ဝင် အချို့သည် နယ်မြေခံ တပ်ဌာနချုပ်များမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လျက်ရှိသည်။
-

-
ထိုသို့ဝင်ရောက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း  KIA အဖွဲ့မှ လက်နက်ဖြင့် ၁ ဦး၊ လက်နက်မဲ့ ၄ ဦး သည် ဗန်းမော်၊ ၀ိုင်းမော်၊ မိုးညှင်းနှင့် ကွတ်ခိုင်မြို့နယ်များ တွင်လည်းကောင်း၊ RCSS/SSA (ရွက်ဆစ်)အဖွဲ့မှ လက်နက်ဖြင့်  ၂ ဦး၊ လက်နက်မဲ့ ၈ ဦးသည် နောင်ချို၊ သီပေါ၊ မိုင်းယောင်းနှင့် တာချီလိတ်မြို့နယ်များတွင် လည်းကောင်း၊ MNDAA အဖွဲ့မှ လက်နက်ဖြင့် ၁ ဦး ၊ လက်နက်မဲ့ ၁ ဦးသည် လောက်ကိုင်မြို့နယ်တွင် လည်းကောင်း စုစုပေါင်းအဖွဲ့ဝင် ၁၇ ဦး ဥပဒေဘောင်အတွင်းသို့ အသီးသီး ၀င်ရောက်လာခဲ့သည်။
-

-
ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ၀င်ရောက်လာသူများအား တပ်မတော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး ၎င်းတို့၏နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့ စေရေးဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် နေရပ်ပြန်လိုသူများအား စနစ်တကျပို့ဆောင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment