Pages

Wednesday, December 12, 2018

လဟယ်မြို့နယ်၊ ကပ္ပလံဒေဝါကျေးရွာမှ မီးဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်

လဟယ်မြို့နယ်၊ ကပ္ပလံဒေဝါကျေးရွာမှ မီးဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၁ 
-
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ကပ္ပလံဒေဝါ ကျေးရွာတွင် နိုဝင်ဘာ ၂၈ ရက်၌ ဘက်ထရီပေါက်ကွဲမှုမှ တစ်ဆင့်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၉၉ ဦး မီးဘေးသင့်ခဲ့သည်။ အဆိုပါမီးဘေးသင့် ပြည်သူများအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဒီဇင်ဘာ ၃ ရက်မှ ၈ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က မီးဘေးသင့်ပြည်သူ ၅၁ ဦးအား သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
-
-
ထို့ပြင် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက နေအိမ်များ ပြန်လည်ကူညီ ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပြီး မီးဘေးသင့် ပြည်သူများအတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့်အနွေးထည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment