Pages

Tuesday, December 11, 2018

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကျင်းပ

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကျင်းပ
-
နေပြည်တော် ဒီဇင်ဘာ ၁ဝ
-
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်ရှိ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးချုပ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ၁၉၉၈ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ ပထမရက် သတ္တပတ်အတွင်း ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝန်းလုံး၌ ကျင်းပလေ့ရှိရာ ယခုနှစ် ဒီဇင်ဘာ ၁ ရက်သည် ၃၁ ကြိမ်မြောက်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ HIV/AIDS ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်တရ ဖြစ်စေရန်နှင့် ပြည်သူလူထု တစ်ရပ်လုံးက နိုးကြား တက်ကြွသော စိတ်ဓာတ်များဖြင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို လုံးဝ ကင်းစင် ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံ အနေ ဖြင့် HIV/AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးအသွင်ဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
-
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ပြသထားသော ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံ များကို လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
-
ဝေယံ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment