Pages

Monday, December 24, 2018

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ချင်းပြည်နယ် အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်တို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ချင်းပြည်နယ် အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်တို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
-
နေပြည်တော်  ဒီဇင်ဘာ ၂၃ 
-
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့်   ဟားခါးမြို့နယ်တို့သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ဒီဇင်ဘာ ၂၁ ရက်တွင် ဖလမ်းမြို့နယ် အတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အိုင်ကွန်-အိုင်ရ်ဘွာလ်-ကြောင်ဟွေ့- ကော့ဆဲ မြေလမ်း(၃၉/ဝ)မိုင် လုပ်ငန်းခွင် သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လမ်းအရည်အသွေး ကောင်းမွန်စေရေး၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ စေတနာထားကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန်မှာကြား၍ လမ်းကြောင်းတစ်လျှောက် မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 
-
ထို့နောက် ဖလမ်းမြို့သို့ရောက်ရှိပြီး ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂၂ ရက်တွင် ထန်တလန်မြို့နယ် သီကီရ်(ခ)ကျေးရွာသို့ ရောက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော သီကီရ်-သဘာဝဥယျာဉ်သွားလမ်း မြေလမ်း (၁၃/၄)မိုင်အနက် ဆောင်ရွက် ပြီးစီးခဲ့သော မြေလမ်း (၆/၄)မိုင်ကိုကြည့်ရှု စစ်ဆေးသည်။ ထို့နောက်သီကီရ်ကျေးရွာတွင် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး သီကီရ်ကျေးရွာ တိုးချဲ့တည်ဆောက်ရေးအတွက် လမ်း၊ ရေ၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးသည်။ 
-
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး(၃)က တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့သော သီကီရ်ရေလှောင်တမံသို့ သွားရောက်ကြည့်ရှုပြီး အဆိုပါရေလှောင်တမံမှ သီကီရ်ဒေသအတွင်းရှိ ကျေးရွာ ၁၁ ရွာရေပေးဝေရေး ကိစ္စရပ်များအပေါ် မှာကြားသည်။ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့မှတစ်ဆင့်  ဝေဘူလမြို့သို့ ရောက်ရှိပြီး ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃ ရွာကို အကျိုးပြုမည့် အရှည် (၃၉/ဝ)မိုင်ရှိ အိုင် ကွန်-အိုင်ရ်ဘွာလ်-ကြောင်ဟွေ့-ကော့ဆဲ လမ်းကို  ၂ဝ၁၆-၂ဝ၁၇  ဘဏ္ဍာနှစ်တွင် မြေလမ်း(၁၃/ဝ)မိုင်၊၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြေလမ်း(၁၃/ဝ)မိုင်နှင့် ၂ဝ၁၈-၂ဝ၁၉ ပထမခြောက်လ ဘဏ္ဍာနှစ်တွင် မြေလမ်း(၂/ဝ)မိုင်  စုစုပေါင်းလမ်းမိုင်(၂၈/ဝ)မိုင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဒုတိယ၁၂ လ ဘဏ္ဍာနှစ်တွင် မြေလမ်း(၅/ဝ)မိုင်နှင့် ကျန်ရှိသည့်မြေလမ်း(၆/ဝ)မိုင် တို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment