Pages

Thursday, December 13, 2018

ရေကြည်မြို့နယ်၊ သီတာကုန်းပြင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရေကြည်မြို့နယ်၊ သီတာကုန်းပြင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၂
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ဒီဇင်ဘာ ၁၁ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၃ဝ၆ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်း စမ်းသပ်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း စသည့် ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် ဆေးကုသရေးအဖွဲ့ကဒေသခံပြည်သူများအား ဆီးချို၊ သွေးချို ရောဂါနှင့်  နှလုံးရောဂါတို့မဖြစ်ပွားစေရန် ဆောင်ရန်၊   ရှောင်ရန်တို့နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။      
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment