
-
နေပြည်တော် ဒီဇင်ဘာ ၁၁
-
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ် များ အားကစားပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ၊ ရိုးရာခြင်းလုံး(Event-4)၊ တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘော်လီဘောနှင့် ရေကူးပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း သက်ဆိုင်ရာ အားကစားရုံ အသီးသီး၌ ယှဉ်ပြိုင်ကြသည်။
-
အဆိုပါပြိုင်ပွဲများတွင် ဝူရှူးအားကစားပြိုင်ပွဲ အမျိုးသမီး ၄၈ ကီလိုတန်း ဆန်းဆို အတိုက်ပြိုင်ပွဲ၌ Rosalina Simanjuntak (အင်ဒိုနီးရှား)က ပထမ၊ Siriluk Kawcha (ထိုင်း)မှ ဒုတိယ၊ ဆောင်းနှင်းထက် (မြန်မာ)မှ တတိယကို လည်းကောင်း၊ အမျိုးသမီး ၅၂ ကီလိုတန်းဆန်းဆို အတိုက်ပြိုင်ပွဲတွင် နီနီအေး(မြန်မာ)က ပထမ၊ အမျိုးသမီး ၅၆ ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် နန်းချ,်ရီခမ်း(မြန်မာ)မှ ပထမ၊ အမျိုးသား (၆ဝ)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် Noukhit Latsaphao (လာအို)မှ ပထမ၊ Thakdanai)မှဒုတိယ၊ ဟိန်းသီရိ(မြန်မာ)မှ တတိယကို လည်းကောင်း ၊ အမျိုးသား(၆၅)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် Charywat Khunphet (ထိုင်း)မှ ပထ၊ Laty Inthavong( (လာအို)မှဒုတိယ၊ အောင်ကောင်းမြတ် (မြန်မာ)မှ တတိယကို လည်းကောင်၊ အမျိုးသား(၇ဝ)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် Kittisak Suksanguan(ထိုင်း) မှ ပထမ၊ Kalanh Khotsombath (လာအို)မှ ဒုတိယ၊ ငြိမ်းငြိမ်းထွန်း(မြန်မာ)မှ တတိယကို လည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Nandao+Nangun ပြိုင်ပွဲတွင် Tan Cheong Min((မလေးရှား)က ပထမ၊ အေးသစ္စာမြင့်(မြန်မာ)က ဒုတိယ၊ Ganyawee Polsuwan( (ထိုင်း)က တတိယဖြင့် လည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Daoshy+Gunshu ပြိုင်ပွဲမှ Loh Ying Ting(မလေးရှား)က ပထမ၊ ခိုင်ဇင်သက်(မြန်မာ)က ဒုတိယ၊ Monica Pransisca Sugianto( (အင်ဒိုနီးရှား)က တတိယဖြင့် လည်းကောင်း အသီးသီး ရရှိသည်။ အမျိုးသမီး ထောက်လု Jianshu နှစ်ရက်ပေါင်းပြိုင်ပွဲတွင် စန္ဒီဦး (မြန်မာ)က ရမှတ် ၉ ဒသမ ၆၁ တို့ဖြင့် ပထမရက်တွင် ဦးဆောင်နေသည်။
-
ဝူရှူးပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ရိုးရာခြင်းလုံးပြိုင်ပွဲ (Event-4)ပြိုင်ပွဲပွဲစဉ်များကို အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေးရှား၊ လာအိုအသင်းလေးသင်းဖြင့် ယှဉ်ပြိုင်ကြရာ ရမှတ် ၁၅ဝ မှတ်ဖြင့် မြန်မာအသင်းက ပထမ၊ ရမှတ် ၁၂၄ မှတ်ဖြင့် လာအိုအသင်းက ဒုတိယ၊ ရမှတ် ၇၈ မှတ်ဖြင့် ထိုင်းအသင်းက တတိယဖြင့် အသီးသီးရရှိကြသည်။ တင်းနစ်အား ကစားပြိုင်ပွဲ၏ အမျိုးသား/အမျိုးသမီး အုပ်စုပတ်လည် ပြိုင်ပွဲများတွင် မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့က ပါဝင်ယှဉ်ပြိုင်ကြသည်။ ကြက်တောင်ရိုက်ပြိုင်ပွဲ၏ အသင်းလိုက်(အမျိုးသား)ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မလေးရှားအသင်းက ငွေတံဆိပ်နှင့် အင်ဒိုနီးရှားအသင်းက ကြေးတံဆိပ် ရရှိပြီး အသင်းလိုက်(အမျိုးသမီး)ပြိုင်ပွဲတွင် မလေးရှား အသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ်နှင့် အင်ဒိုနီးရှားအသင်းက ကြေးတံဆိပ်ရရှိသည်။ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် ထိုင်းအသင်းက ၂၅-၁ဝ မှတ်၊ ၂၅-၁၆ မှတ်၊ ၂၅-၆ မှတ်ဖြင့် သုံးပွဲပြတ်အနိုင်ရရှိသည်။
-
ထို့နောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက ၂၅-၁၄ မှတ်၊ ၂၅-၁၂ မှတ်၊ ၂၅-၂၁ မှတ်ဖြင့် သုံးပွဲပြတ် အနိုင်ရရှိသည်။ ဆက်လက်၍ မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၂၅-၁၃ မှတ်၊ ၂၅-၁၄ မှတ်၊ ၂၅-၁၁ မှတ်ဖြင့် သုံးပွဲပြတ် အနိုင်ရရှိသည်။ ရေကူးပြိုင်ပွဲ၏ ပထမနေ့ပြိုင်ပွဲများတွင် မီတာ ၄ဝဝ အမျိုးသား/အမျိုးသမီး အလွတ်တန်း၊ မီတာ ၂ဝဝ အမျိုးသား/အမျိုးသမီး ပက်လက်ကူးပြိုင်ပွဲ၊ မီတာ ၅ဝ အမျိုးသား/အမျိုးသမီး လိပ်ပြာကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနား ကျင်းပရာ အရှေ့တောင်အာရှ တက္ကသိုလ်များ ပြိုင်ပွဲအား ကစားကောင်စီ (AUSC) အထွေထွေအတွင်းရေးမှူး Mr.Muhamad Mohd Hanif နှင့် တာဝန်ရှိသူများက ယနေ့ပွဲစဉ်တွင် ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်သည်။
-
မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများသည် ရိုးရာခြင်းလုံး(Event-3)မှ ရွှေတစ်ခု၊ ဝူရှူးပြိုင်ပွဲထောက်လု (အမျိုးသမီးနန်းချွမ်)ပွဲစဉ်တွင် အေးသစ္စာမြင့်က ရွှေတစ်ခု၊ အမျိုးသားထောက်လု Taijiquan+Taijijian ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကိုက ရွှေတစ်ခု၊ အမျိုးသား ၅၂ ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် နိုင်းတန်က ရွှေတစ်ခု၊ အမျိုးသမီးထောက်လု Taijijian ပြိုင်ပွဲတွင် မြတ်နိုးအိမ်က ရွှေတံဆိပ်တစ်ခု၊ ရိုးရာခြင်းလုံး (Event-2)မှငွေတစ်ခု၊ အမျိုးသားထောက်လု Taijiquan+ Taijijian ပြိုင်ပွဲတွင် ခန့်မင်းထက်က ငွေတံဆိပ်တစ်ခုနှင့် (Event-1)ခြင်းလုံးပြိုင်ပွဲတွင် မြန်မာက ကြေးတံဆိပ်တစ်ခု ရရှိထားသည်။ အမျိုးသမီး ၄၈ ကီလိုတန်းဆန်းဆို အတိုက်ပြိုင်ပွဲတွင် ဆောင်းနှင်းထက်က ကြေးတစ်ခု၊ အမျိုးသမီး ၅၂ ကီလိုတန်းဆန်းဆို အတိုက်ပြိုင်ပွဲတွင် နီနီအေးက ရွှေတစ်ခု၊ အမျိုးသမီး ၅၆ ဆန်းဆိုအတိုက် ပြိုင်ပွဲတွင် နန်းချယ်ရီခမ်းက ရွှေတစ်ခု၊ အမျိုးသား ၆ဝ ကီလိုတန်းဆန်းဆို အတိုက်ပြိုင်ပွဲတွင် ဟိန်းသီရိက ကြေးတစ်ခု၊ အမျိုးသား ၆၅ ကီလိုတန်းဆန်းဆို အတိုက်ပြိုင်ပွဲတွင် အောင်ကောင်းမြတ်က ကြေးတစ်ခု၊ အမျိုးသား ၇ဝ ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် ငြိမ်းငြိမ်းထွန်းက ကြေးတစ်ခု၊ အမျိုးသမီး ဝူရှူးထောက်လု Nandao+Nangun ပြိုင်ပွဲတွင် အေးသစ္စာမြင့်က ငွေတစ်ခု၊ အမျိုးသမီး ဝူရှူးထောက်လု Daoshy+Gunshuပြိုင်ပွဲတွင် ခိုင်ဇင်သက်က ငွေတစ်ခုဖြင့် ယနေ့အထိပြိုင်ပွဲများတွင် ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ်လေးခု၊ ကြေးငါးခုဖြင့် နိုင်ငံလိုက် ရပ်တည်မှု ပထမနေရာတွင် ရှိနေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment