Pages

Monday, December 3, 2018

ပဉ္စမအကြိမ်မြောက် သူရဲကောင်း စစ်သည်များအား အမှတ်တရ အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနား ကျင်းပ


ပဉ္စမအကြိမ်မြောက် သူရဲကောင်း စစ်သည်များအား အမှတ်တရ အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနား ကျင်းပ
-
ရန်ကုန်     ဒီဇင်ဘာ     ၂
-
ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်က အသက်ပေးလှူ ခဲ့ကြသော သူရဲကောင်းစစ်သည်များ အတွက်ရည်စူးပြီး ပဉ္စမအကြိမ်မြောက် အမှတ်တရ အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကို ယနေ့နံနက်  ၉   နာရီတွင်  ရန်ကုန်မြို့  သူရဲကောင်း စစ်သည်ဗိမာန်၌ ကျင်းပရာ တပ်မတော်ကို ချစ်မြတ်နိုးသူပြည်သူများ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံရေးပါတီများမှ တပ်မတော်ချစ်မြတ်နိုးသူများ တက်ရောက်ကြ သည်။
-
အခမ်းအနားတွင်  အခမ်းအနားမှူးအဖြစ်  ဗိုလ်ကြီးတင်ကိုဝင်း(ငြိမ်း)က ဆောင်ရွက်ပြီး ဗိုလ်ကြီးနိုင်ဆွေဦး(ငြိမ်း) က  စစ်ရေးပြမှူးအဖြစ် ဆောင်ရွက်ခဲ့ကြကာ တက်ရောက် လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄) ချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
-
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေတ်အဆက်ဆက်က  တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော သူရဲကောင်းစစ်သည်များအား ရည်စူးပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်စွာ ရပ်နေခဲ့ကြ ပြီးနောက် တပ်မတော်၏ သမိုင်းစဉ်လာ ကောင်းများ၊ အမွန်မြတ်ဆုံးသော စွန့်လွှတ်ခြင်း၏ တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များနှင့် ပက်သက်၍ သူရဲကောင်းစစ်သည်များ အတွက် ရည်စူးပြီး ကိုယ်တိုင်စပ်ဆိုထားသော ကဗျာ ကိုရွတ်ဆိုခဲ့ကြရာ  ဦးလှဆွေက ကိုယ်တိုင်စပ်ဆိုထားသော ကဗျာအား လည်းကောင်း၊ ကဗျာဆရာမောင်စိမ်းနောင် (လယ်ဝေး)က ကိုယ်တိုင်စပ်ဆိုထားသော ကဗျာအား လည်းကောင်း၊ ကဗျာဆရာနံသာချစ်သူ(ရေနံချောင်း)က  ကိုယ်တိုင်စပ်ဆိုထားသော ကဗျာအား လည်းကောင်း အသီသီး ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်။
-
ထို့ပြင်  တက်ရောက်လာကြသူများက ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ် ခဲ့ကြသော  သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းရာမွန်ရာ ဘုံဘဝရောက်စေရန် ရည်ရွယ်၍ မိုးပျံပူဖောင်းများ လွှတ်တင်ကြသည်။ ဆက်လက်၍ အငြိမ်းစားတပ်မတော် အရာရှိကြီးများက ဦးဆောင်ပြီး တိုင်းရင်းသား လူငယ်များနှင့်အတူ ပြည် ထောင်စုကြီးတစ်ခုလုံး အမြန်ဆုံးငြိမ်းချမ်းစေရန် ရည်ရွယ်ကာ  ငြိမ်းချမ်းရေး သင်္ကေတ ဂျိုးဖြူငှက်များ ကောင်ကင်ယံသို့ လွှတ်တင်ပေးခဲ့သည်။
-
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အတွက် အသက်ပေးလှူသွားကြ သော သူရဲကောင်း စစ်သည်များအား ရည်စူး၍ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ဗဟိုအလုပ် အမှုဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က လွမ်းသူ့ပန်းခွေချခြင်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန်(ငြိမ်း)ကိုယ်စား ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းက လွမ်းသူပန်းခွေချခြင်း၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုများက လွှမ်းသူ့ပန်းခွေချခြင်း၊ နိုင်ငံရေးပါတီများ၊ ဗိုလ်လောင်သင်တန်း အပတ်စဉ်များမှ ကျောင်း ဆင်းအရာရှိများနှင့် တက်ရောက်လာကြသည့် တပ်မတော် ချစ်မြတ်နိုးသူပြည်သူများက လွှမ်းသူ့ပန်းခွေများ ချပြီး ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment