Pages

Tuesday, December 11, 2018

မိုးရာသီရေကြီး နစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီး လယ်ယာမြေများ အတွက် မျိုးစပါးငွေများ ပေးအပ်

-
ရေဖြူ  ဒီဇင်ဘာ  ၁၀
-
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးရာသီရေကြီး နစ်မြုပ်မှုကြောင့် ထိခိုက် ပျက်စီးသည့် လယ်မြေများအတွက် မျိုးစပါးငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အောင်သာဝတီ ခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် မြို့နယ်ဒုတိယအုပ်ချုပ် ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီး မှူးက ၂၀၁၈-၂၀၁၉ ခုနှစ် မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသည့် လယ်မြေများအတွက်   မျိုးစပါး ဖိုးငွေများ  ပေးအပ်ရခြင်းအကြောင်းရင်းကို ရှင်းလင်း ပြောကြားပြီး  တက်ရောက်လာသည့် တောင်သူ များအား မျိုးစပါး ဖိုးငွေများ ပေးအပ်သည်။
-
ရေဖြူမြို့နယ်တွင် မိုးရာသီရေကြီးနစ်မြုပ်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာ ၁၂ခုတွင် လယ်မြေ ၄၉၇ ဧက ပျက်စီးခဲ့ပြီး တစ်ဧက လျှင်  ငွေကျပ် ၈၅၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၂ သိန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။                          
-
နေသူရိန်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment