Pages

Wednesday, December 5, 2018

ချောင်းဦးမြို့နယ်တွင် မျက်စိဝေဒနာရှင်များအား ကုသိုလ်ဖြစ်ခွဲစိတ်ကုသပေး

-
ချောင်းဦး ဒီဇင်ဘာ ၎
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာတွင် ရွှေမြင့်မိုရ် ဆရာတော် ဘဒ္ဒန္တဝိသုတ ဦးဆောင်မှုဖြင့် တရုတ်(တိုင်ပေ) “Taiwan Buddhist Tzu Chi Foundation Myanmar Representive Office Yadanar Hospital” ၏ မတည်လှူဒါန်းမှုတို့ဖြင့် ဒီဇင်ဘာ ၃ရက် နံနက် ၈နာရီကေ ရွှမြင့်မိုရ် စက္ခုဒါနအထွေထွေကုဆေးရုံ ကြီး၌ မျက်စိဝေဒနာရှင်များအားကုသိုလ်ဖြစ်ခွဲစိတ်ကုသပေးခဲ့ကြောင်းသိရသည်။
-
မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ပေးရာတွင် မျက်စိအမြင်အာရုံစစ်ဆေးခြင်း၊ မျက်စိပါဝါတိုင်းခြင်း၊မျက်စိစမ်းသပ်ပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းများဆောင်ရွက်ပြီး ခွဲစိတ်ကုသရန် လိုအပ်သောလူနာများကို ခွဲစိတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ခွဲစိတ်မှုမလိုအပ်သောလူနာများကို မျက်စဉ်းဆေး၊ သောက်ဆေး နှင့် မျက်မှန်များပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၁ရက်မှ ဒီဇင်ဘာ၇ရက်ထိ မျက်စိဝေဒနာရှင် ဦးရေ ၁၁၁ဝကို တရုတ်(တိုင်ပေ) မျက်စိ အထူးကုဆရာဝန်ကြီး Professor Dr. Chanနှင့်အဖွဲ့က ကုသိုလ်ဖြစ်ခွဲစိတ်ပေးကြောင်း၊ နောက်ထပ်ဒီဇင်ဘာ ၂၁ရက်၊ ၂၂ရက်နှင့်၂၃ရက်နေ့များတွင်လည်း မျက်စိဝေဒနာရှင်များကို ဆက်လက်ပြီး ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးမည်ဖြစ် ကြောင်း ရွှေမြင့်မိုရ် စက္ခုဒါနအထွေထွေကု ဆေးရုံ တာဝန်ခံဒေါက်တာကျော်သူထက်က ပြောပြ၍ သိရသည်။
-
ယခုကဲ့သို့ ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးသော ရွှေမြင့်မိုရ်ဆရာတော်၊ တရုတ် (တိုင်ပေ)မှ အလှူရှင်များ၊ ဆရာဝန်ကြီးများအဖွဲ့နှင့် လုပ်အားဒါနကုသိုလ်ဖြစ် ကူညီဆောင်ရွက်ပေးကြသော ပရဟိတအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ကြောင်း၊ မျက်စိအလင်းပြန်လည်ရရှိသည့် အတွက်လည်း အလွန်ဝမ်းသာပီတိဖြစ်ကြောင်း မျက်စိခွဲစိတ်ပြီးသူ အသက် ၆၂နှစ်အရွယ် အဘွား ဒေါ်တင်နွယ်က ပြောပြ၍ သိရသည်။
-
အိအိစိုး(ချောင်းဦး) 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment