Pages

Wednesday, December 5, 2018

မံစီမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ

မံစီမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဒီဇင်ဘာ  ၎
-
ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် စီကော်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာနှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌ မိုးကာအဟောင်း၊ သစ်ကိုင်းသစ်ခက်များဖြင့် ဖုံးအုပ်ထားသည့် တရားမဝင်ကျွန်းသစ်ခွဲသား ဆိုဒ်စုံ စုစုပေါင်း ၁၅ တန်ကျော်ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
-
အဆိုပါတရားမဝင် သစ်များအား မံစီမြို့နယ် သစ်တောဦးစီးဌာနသို့   စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment