Pages

Tuesday, December 4, 2018

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ လမ်းပန်း ဆက်သွယ်မှု တိုးတက် ကောင်းမွန်စေရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး ကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ လမ်းပန်း ဆက်သွယ်မှု တိုးတက် ကောင်းမွန်စေရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး ကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်
-
နေပြည်တော်      ဒီဇင်ဘာ     ၃ 
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာ ချန်းဟောင်အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
-
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် နယ်စပ်ဒေသ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်း မွန်စေရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု ပပျောက်ရေးတို့ အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment