Pages

Monday, December 24, 2018

မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ

မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ
-
နေပြည်တော် ဒီဇင်ဘာ ၂၃ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခန့်တွင်   မဘိမ်းမြို့၏ မြောက်ဘက်၁ဝ မိုင်ခန့်အကွာရှိ ပေါင်းနှုတ်ချောင်းအနီး၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၃၉ လုံး(ခန့်မှန်း၅ တန်ခန့်)ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ အလားတူ နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ်၊ ပင်ရှားစေးကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၃၈ တန်ခန့်၊ ကျွန်းသစ်ခွဲသား ၁ တန်ခန့်(စုစုပေါင်း ၃၉ တန်ခန့်)နှင့် သစ်ခွဲစက် တစ်လုံးတို့အား ပိုင်ရှင်မဲ့ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ  တရားမဝင် ကျွန်းသစ်စုစုပေါင်း ၄၄ တန်ခန့်နှင့် ဆက်စပ်ပစ္စည်းများအား မဘိမ်းမြို့နယ် သစ်တောဦးစီး ဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment