Pages

Wednesday, December 26, 2018

မြန်မာ့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ

မြန်မာ့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ
-
နေပြည်တော်  ဒီဇင်ဘာ ၂၅
-
မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို လေ့လာရန်အတွက် အိန္ဒိယနိုင်ငံသို့ချစ်ကြည်ရေးခရီး လည်ပတ် ခဲ့သည့် မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များနှင့် ဇနီး များပါဝင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်း ခရီးဖြင့်နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel   Naveen Mahajan တို့က လေဆိပ်တွင်ကြိုဆိုနှုတ်ဆက် ကြသည်။
-
-
အဆိုပါ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည် များနှင့် ဇနီးများ ပါဝင်သော အင်အား ၁၂ဝ ဦးသည် အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ရှိ အထင်ကရနေရာများ၊ သင်တန်း ကျောင်းများ၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ လေ့လာ လည်ပတ်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment