
-
နေပြည်တော် ဒီဇင်ဘာ ၁၁
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျ(၁)စစ်မှုထမ်းဟောင်း အိမ်ရာနေစစ်မှုထမ်းဆဲစစ်သည်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအိမ်ရာ ရှင်းလင်းဆောင်၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-

-
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၁၆၄ ဦးတို့ကို အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်ခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ် စစ်ဆေးပေးခြင်း စသည့်ရောဂါရှာဖွေစမ်းသပ် ကုသမှုများ ဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment