Pages

Monday, December 3, 2018

ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
-
မုံရွာ ဒီဇင်ဘာ ၂ 
-
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ပွဲကို မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ ညနေပိုင်းက ကျင်းပသည်။
-
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် တမူးခရိုင်အသင်း နှင့်မုံရွာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မုံရွာခရိုင် အသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။ဆက်လက်၍ဆုပေးပွဲကိုကျင်းပရာ နေရာအလိုက် အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများ ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က လည်းကောင်း၊ ပူးတွဲတတိယဆုရ ကလေးခရိုင်အသင်းနှင့် စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရ တမူးခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးကလည်းကောင်း၊ ပထမဆုရ မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကလည်းကောင်း၊ တံခွန်စိုက်ဆုရ မုံရွာခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကလည်းကောင်း အသီးသီးပေး အပ်သည်။
-
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခရိုင်မှ အသင်း ၁ဝ သင်းက နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment