-
နေပြည်တော် ဒီဇင်ဘာ ၁၁
-
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ အလယ်ချောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ဆန်အိတ်များ ပေးအပ်လှူဒါန်းခြင်းနှင့် ကြွက်နှိမ်နင်းရေး ပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်မြင့် ရွာမကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး အလယ်ချောင်းကျေးရွာ အုပ်စုဥက္ကဋ္ဌ နှင့် ရပ်မိရပ်ဖများထံသို့ ဆန် ၅ဝ အိတ်ပေးအပ် လှူဒါန်းသည်။ ထို့နောက် ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်း မှ ကြွက်အန္တရာယ် နှိမ်နင်းရေး ပညာပေး ဟောပြောဆွေးနွေးပြီး ဒေသခံပြည်သူများ ကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
-
အလယ်ချောင်း ကျေးရွာအုပ်စုတွင် ယခုနှစ် အတွင်း၌ တောင်ယာစပါး ၂၇၃ဝ ဧကခန့်တွင် ဧက ၁၇ဝဝ ကျော်ခန့်အား ကြွက်များ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ကျန်ဧက ၁ဝ၃ဝ ခန့်မှာလည်း အပြည့်အဝ ရိတ်သိမ်းနိုင်ခြင်းမရှိသဖြင့် ဆန်တစ်အိတ်လျှင် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့် ဝယ်ယူစားသောက်နေရ၍ အဆိုပါ အလယ်ချောင်း ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်မှ ဆန်များ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကိုးတစ်ဖုန်းဆိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒအားဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment