Pages

Monday, December 24, 2018

အိန္ဒိယ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

အိန္ဒိယ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်သို့ရောက်ရှိ
-
နေပြည်တော် ဒီဇင်ဘာ ၂၃  
-
မြန်မာ တပ်မတော်နှင့် အိန္ဒိယတပ်မတော် နှစ်ရပ်အကြား အပြန်အလှန် ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမို တိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာလေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ) မှ အရာရှိများနှင့် ဇနီးများ ပါဝင်သော အိန္ဒိယ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိရာ  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူး Colonel  Naveen  Mahajan တို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
-
-
ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့  သွားရောက် လေ့လာ၍ ပန်းခွေချ အလေးပြုကြပြီး ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည် ညိုကာ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင်   အိန္ဒိယ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိများ နှင့်ဇနီးများအပါ အဝင် အင်အား ၇၈ ဦးလိုက်ပါလာပြီး နေပြည်တော်ရှိ တန်ခိုးကြီး ဘုရားများနှင့် အထင်ကရနေရာများအား ဒီဇင်ဘာ ၂၅ ရက်အထိ လေ့လာ သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment