Pages

Wednesday, November 28, 2018

အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် အခြေခံ အိမ်တွင်းမှု သင်တန်းများ ဖွင့်လှစ်

အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် အခြေခံ အိမ်တွင်းမှု သင်တန်းများ ဖွင့်လှစ်
-
နေပြည်တော်  နိုဝင်ဘာ ၂၇ 
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက  ကြီးမှူးဖွင့်လှစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်စက်ချုပ် သင်တန်း အမှတ်စဉ်(၅၁)နှင့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇၉)  ဖွင့်ပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အဖွဲ့ဝင်များ၊ အဆိုပါ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်း သမိုင်းကြောင်း၊ သင်ကြားနည်းများနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက စားသောက်ဖွယ်ရာများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
-
ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းအမှတ်စဉ် အလိုက်  သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် အသုံးအဆောင် ပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးသည်။
-
အဆိုပါသင်တန်းများကို နိုဝင်ဘာ ၂၆ ရက်မှ ၂ဝ၁၉ ခုနှစ်  မတ် ၃ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆင့်မြင့်စက်ချုပ် သင်တန်းတွင် သင်တန်းသူ ၂၅ ဦးနှင့် အခြေခံအိမ်တွင်းမှုသင်တန်းတွင် သင်တန်းသူ ၄ဝ ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment