Pages

Tuesday, November 6, 2018

တာချီလိတ်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများ သယ်ဆောင်လာသူ နှစ်ဦး ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများ သယ်ဆောင်လာသူ နှစ်ဦး ဖမ်းဆီးရမိ
-
နေပြည်တော်   နိုဝင်ဘာ  ၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်တောင်ဘက်  ၁၁ မိုင်ခန့်အကွာရှိ ပါခါးကျေးရွာအနီး၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးစဉ် နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီခန့်တွင် ပါလကျေးရွာဘက်မှ ပါခါးကျေးရွာဘက်သို့ ယာကုပ်(ဘ) ဦးဘူကဲ မောင်းနှင်၍ ယေရှဲ(ဘ) ဦးလီတီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ  ယာကုပ်၏  ခါးကြားအတွင်းမှ ၉ မမပစ္စတို သေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၂၃ တောင့်နှင့် ယေရှဲထံမှ ပြောင်းချောသေနတ်တစ်လက်၊ ၁၂  ဗို့ကျည်  ၁၁ တောင့်၊  လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
-
အဆိုပါ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား   တာချီလိတ်မြို့မ ရဲစခန်းသို့  ဆက်လက်လွှဲပြောင်း သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment