Pages

Tuesday, November 6, 2018

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်-
နေပြည်တော်   နိုဝင်ဘာ   ၅ 
-
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊   တိုင်းမှူးဒိုင်း   ပြေးခုန်ပစ် ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌  ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊  မိသားစုများ၊   ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ 
-
ဖွင့်ပွဲတွင် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ 
-
အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်း  ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment