Pages

▼

Thursday, November 29, 2018

ကြူကုတ်(ပန်ဆိုင်း)မြို့နယ်၊ လွယ်အင်ကျေးရွာ အနီးရှိ အလှူခံမဏ္ဍပ်၌ ဒေသန္တရ လက်လုပ်ရီမုမိုင်း တစ်လုံးတွေ့ရှိ

ကြူကုတ်(ပန်ဆိုင်း)မြို့နယ်၊ လွယ်အင်ကျေးရွာ အနီးရှိ အလှူခံမဏ္ဍပ်၌ ဒေသန္တရ လက်လုပ်ရီမုမိုင်း တစ်လုံးတွေ့ရှိ
-
နေပြည်တော်  နိုဝင်ဘာ ၂၈
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကြူကုတ်(ပန်ဆိုင်း)မြို့နယ် ကျိန်ယမ်းကျေးရွာအုပ်စု လွယ်အင်ကျေးရွာ၏ အနောက်ဘက် မီတာ ၁ဝဝ ခန့်အကွာ၊ လွယ်အင်-ဟိုနောင်သွား ကားလမ်းအနီး၌ ဇရပ်ဆောက်လုပ်ရန် အလှူငွေကောက် ခံလျက် ရှိသော အလှူခံမဏ္ဍပ်၌  ဒေသန္တရလက်လုပ် ရီမုမိုင်းတစ်လုံး တွေ့ရှိကြောင်း သိရှိရသဖြင့် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလှူခံမဏ္ဍပ်အတွင်းရှိ အလှူခံပုံးတင်ထားသော စားပွဲခုံအောက်၌ အဝါရောင်ပီနံအိတ် အတွင်းမှ ကတ်ထူစက္ကူဖြင့် ထုပ်ထားသည့် ယမ်းပျော့ နှစ်ထုပ်၊ ၁၂ ဗို့ ဘက်ထရီ(အသေး) တစ်လုံး၊ ဖျူ့(စ်)နှစ်ချောင်း၊ ဆားကစ်ပြား တစ်ခုနှင့် အနက်ရောင်အိတ်ဖြင့် ထုပ်ထားသည့် ကျောက်စရစ်ခဲ တစ်ထုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
-
-
-
အဆိုပါဒေသန္တရ လက်လုပ်ရီမုမိုင်းအား  နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး သက်မဲ့ပြုလုပ်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment