
ရန်ကုန် နိုဝင်ဘာ ၇
-
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှန်တရားများကို ကမ္ဘာက သိစေရန်အတွက် ''အနောက်တံခါး၏ ဖုံးကွယ်ခံ အမှန်တရားများကို ဖော်ထုတ်ခြင်း'' ခေါင်းစဉ် ဖြင့် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပသည်။
-
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ဟောပြောမည့်ပုဂ္ဂိုလ် အမေရိကန်နိုင်ငံသား Mr. Rick Heizman၊ ဒေါက်တာ အေးချမ်းနှင့် တာဝန်ရှိသူများ၊ ရခိုင်အရေးစိတ်ဝင်စားသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
-
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားရာတွင် ရခိုင်အရေးသည် ရခိုင်တိုင်းရင်းသားတို့သာ မဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် ရခိုင်အရေးသည် ရခိုင် တိုင်းရင်းသားတို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ဘဲ အရင်ကတည်းက အလုံးအရင်းနှင့် ဝင် ရောက်နေထိုင်နေသည့် ဘင်္ဂါလီများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ ARSA အကြမ်းဖက် သမားများကြောင့် သေဆုံးခဲ့ရသည့် တိုင်းရင်းသားများ၏ အကြောင်းရင်းများကို ကမ္ဘာက အသိအမှတ်မပြုဘဲ နယ်မြေရှင်းလင်းရေးကြောင့် သေဆုံးခဲ့ရသည့် အကြမ်းဖက်သမား ၁ဝ ဦး ၏ သေဆုံးရသည့် အကြောင်းများသာ ကမ္ဘာက အသိအမှတ်ပြုပြီး အရေးယူ ဆောင်ရွက် နေကြောင်းနှင့် အမှားတရားက ကမ္ဘာကိုပတ်နေပြီး အမှန်တရားက မပေါ်လွင်ကြောင်း၊ အကြမ်းဖက် သမားများကို နယ်မြေ ရှင်းလင်းရာတွင် ထိခိုက်ပွန်းပဲ့မှုဆိုသည်မှာ ရှိနိုင်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးအတွက် နယ်မြေရှင်းလင်းမှုဆောင်ရွက်နေရသူများ အရေးယူ ဆောင်ရွက် နေသဖြင့် ရခိုင်ပြည်နယ်တွင် နောက်ထပ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက မည်သူက တာဝန်ယူ ဖြေရှင်းပေးမည်လဲ၊ ရခိုင်အရေး မဖြစ်ပေါ်ခင်ကတည်းက ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း တင်ပြခဲ့သော်လည်း အလေး မထားခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဝင်ရောက် တွေ့ဆုံခွင့်ရခဲ့သည့် အတွက်ကြောင့်သာ ရခိုင်ပြည်နယ်ကို ကာကွယ် နိုင်ခဲ့ကြောင်းနှင့် ဘင်္ဂါလီလူမျိုးတို့ စရိုက်လက္ခဏာများကို ရှင်းလင်း ပြောကြားသည်။
-
ယင်းနောက် အမေရိကန်နိုင်ငံသား Mr.Rick Heizmanက ရခိုင်အရေးတွင် ထွက်ပြေးခဲ့ရသည့် ရခိုင်တိုင်းရင်းသားများအား မေးမြန်းထားမှုများကို ပရိုဂျက်တာဖြင့်လည်းကောင်း၊ ရခိုင်တိုင်း ရင်းသားများ၏ လူနေမှုပုံစံများ၊ ဓလေ့လက္ခဏာများ၊ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်ပုံ များ၊ ဟိန္ဒူလူမျိုးများ၏ အကြောင်းနှင့် ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
-
ထို့ပြင် အခြားသော မီဒီယာများတွင် ဖော်ပြချက်များကြောင့် ကမ္ဘာက အထင်လွဲနေကြောင်း နှင့် အချို့သော မီဒီယာများတွင် ဖော်ပြချက်များသည် ထင်ယောင်ထင်မှားဖြစ်စေခဲ့ပြီး ဗုဒ္ဓ ဘာသာဝင်များက လူနည်းစု မွတ်စလင်များကို အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း၊ နယ်မြေ ရှင်းလင်းသည့် တပ်ဖွဲ့ဝင်များက လူမျိုးတုံး သတ်ဖြတ်ခြင်း ဖြစ်ကြောင်း စသည်ဖြင့် မဟုတ် မမှန်သည့် ဗီဒီယိုဖိုင်များကို ပြသခဲ့ကြောင်းနှင့် အချို့သော နိုင်ငံများတွင် မွတ်စလင်များ၏ စရိုက် လက္ခဏာများကြောင့် ဗုဒ္ဓဘာသာဝင်များ ကြောက်ရွံ့နေရကြောင်းနှင့် ၎င်းတွင် သက် သေများရှိကြောင်း၊ ဘင်္ဂါလီများတွင် အစွန်းရောက် စိတ်များဝင်ရောက်နေကြောင်း စသည် တို့ကိုဟောပြောခဲ့သည်။
-
ဆက်လက်၍ ဒေါက်တာအေးချမ်းက ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စများသည် နယ်မြေရရှိရန်အတွက် ခေတ်သစ် ကိုလိုနီစနစ်ဖြင့် နယ်ချဲ့နေကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ်လာ သည့် အရေးအခင်းများသည် အချိန်တစ်ပတ်နှင့် မဖြစ်နိုင်ကြောင်း ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် သမိုင်းကြောင်းများကို အထောက် အထားများဖြင့် ပြောကြားခဲ့သည်။
-
ယင်းနောက် အခမ်းအနား တက်ရောက်လာသည့် ဧည့်ပရိသတ်များက ရခိုင်အရေးနှင့် ပတ် သက်ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြား ပေးခဲ့သည်။ ထို့ပြင် ယခုလာရောက် ဟောပြောသူသည် အမေရိကန် နိုင်ငံသားဖြစ်ပြီး တိုင်းရင်းသား ဂီတအနုပညာရှင် တစ်ယောက်ဖြစ်ကာ ၁၉၈၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုး၏ ပျောက်ကွယ်နေသည့် ဂီတအနုပညာများကို ကမ္ဘာကသိအောင် ဖော်ပြနေသူတစ်ဦးဖြစ်ကြောင်းနှင့် ၁၉၉၆ ခုနှစ်တွင် ဘူးသီးတောင်၊ မောင်တောဒေသရှိ တိုင်းရင်းသားများဖြစ်ကြသည့် မြို၊ ခမီ၊ ဒိုင်းနက်၊ သက်လူမျိုးများ၏ ဂီတ၊ သီချင်း၊ ကဗျာ အစရှိသည်များကို လိုက်လံလေ့လာနေကြောင်းနှင့် ယခုအထောက်အထားများ သည် ရခိုင်အရေးအခင်း ဖြစ်နေချိန်တွင် ရောက်ရှိနေသည့် အတွက်ကြောင့် ယခုကဲ့သို့ ဟော ပြောခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
-
လင်းခန့်၊ နေကိုထိုက်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment