Pages

Wednesday, November 28, 2018

တြိဂံဒေသတိုင်း စစ်ဌာနချုပ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

တြိဂံဒေသတိုင်း စစ်ဌာနချုပ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
-
နေပြည်တော်   နိုဝင်ဘာ  ၂၇ 
-
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၆ ရက်  နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်  ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ သာသနာ့ဝေပုလ္လ ပရိယတ္တိစာသင် တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇယျ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်ဝတ်အသင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သာသနာ့ဝေပုလ္လ ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
-
အဆိုပါပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော် ပြိုင်ပွဲကို ပြိုင်ပွဲဝင်ဝတ် အသင်း ၂၁ သင်းဖြင့် နိုဝင်ဘာ ၂၆ ရက်မှ ၃ဝ ရက်အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment