Pages

Friday, November 9, 2018

သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် မြို့တွင်းသို့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည် အပူဇော်ခံမည်

-
ပြည်  နိုဝင်ဘာ ၈ 
-
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ တည်ထား ကိုးကွယ်တော်မူသည့် ရှေးဟောင်း သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင်  ဗုဒ္ဓ၏မြတ်စွယ်တော်ကို သုံးနှစ်တစ်ကြိမ်  လှည့်လည်အပူဇော်ခံလျက် ရှိကာ  ယခုနှစ်လည်း  မြတ်စွယ်တော်ကိုမြို့တွင်းသို့    လှည့်လည်အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။
-
ပြည်မြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သော လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်အထိ ကျင်းပမြဲဖြစ်ပြီး ယခုနှစ်တွင် (၁၁၉)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကာ သီဟိုဠ်ပြည်မှ ပင့်ဆောင်လာသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်မြတ်ကို  ပွဲတော်ရက်အတွင်းတွင် အပူဇော်ခံမည်ဖြစ်သည်။
'ဒီနှစ်က    သုံးနှစ်မှာတစ်ကြိမ်ကျ ရောက်တဲ့မြို့တွင်းမှာ လှည့်လည် အပူဇော်ခံတဲ့ပွဲဆိုတော့ လွန်ခဲ့တဲ့  နှစ်လခွဲလောက်ကတည်းက  ကြိုတင်စီမံခန့်ခွဲ နေရတယ်။ ကျွန်တော်တို့ လုပ်ငန်းကော်မတီတွေ ဖွဲ့ပြီး ဆောင်ရွက်နေကြတာပါ။    လုံခြုံရေး အတွက်ကလည်း   ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး    စီစဉ်ဆောင်ရွက်နေပါတယ်။ ဖျော်ဖြေရေးတွေ  အခမ်းအနား  ပြင်ဆင်တာတွေကအစ  ၈ဝ  ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပါပြီ''ဟု သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရုံးအဖွဲ့မှူး ဦးငွေမောင်းက  ပြောသည်။ ယခုနှစ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာ ၁၅ ရက်မှ ၂၄ ရက် (တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၂ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်အား တန်ဆောင်မုန်းလဆန်း ၁၁ ရက်တွင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ စတင်အပူဇော်ခံမည်ဖြစ်ကာ တန်ဆောင်မုန်းလဆန်း ၁၃ ရက် နံနက်ပိုင်းတွင် စတင်၍  မြို့တွင်းသို့ လှည့်လည်အပူဇော်ခံမည်ဖြစ်သည်။ ယင်းကဲ့သို့ လှည့်လည် အပူဇော်ခံရာတွင် စွယ်တော်မြတ်ကြီးအား ပင့်ဆောင်သည့် ကရဝိက်ယာဉ်နှင့်အတူ  စည်တော်ယိမ်း၊ သမဂ္ဂယုဝလှေလှော်ယိမ်း၊  တရုတ်အမျိုးသားယိမ်း၊ အိန္ဒိယအမျိုးသားယိမ်း၊  လမ်းလျှောက် ယိမ်းများအပြင်  ပြည်မြို့ပေါ်ရှိ   အလှပြယိမ်းကားများ လိုက်ပါပြီး   လှည့်လည်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment