Pages

Friday, November 2, 2018

ပန်းတနော်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပန်းတနော်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၁

ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့ နယ်၊ မင်းတစုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေး ရွာများမှ ဒေသခံပြည်သူ များအား အောက် တိုဘာ ၃၁ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၉ဝ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်  ဆေးဝါး ကုသမှုများဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်း စမ်းသပ်ပေးခြင်းနှင့် ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်း

No comments:

Post a Comment