Pages

Thursday, November 15, 2018

ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူမျိုးများ အထွက်နှုန်း ကျဆင်းလာ၍ မျိုးစိတ်သစ်များ ပြောင်းလဲ စိုက်ပျိုးရန် လိုအပ် -

ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူမျိုးများ အထွက်နှုန်း ကျဆင်းလာ၍ မျိုးစိတ်သစ်များ ပြောင်းလဲ စိုက်ပျိုးရန် လိုအပ်
ဟဲဟိုး  နိုဝင်ဘာ  ၁၄ 
-
ပြည်တွင်း၌ စိုက်ပျိုးနေသည့်  ကြက်သွန်ဖြူမျိုးများ အထွက်နှုန်း ကျဆင်းလာ၍ မျိုးစိတ်သစ်များ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်နေကြောင်း ကြက်သွန်ဖြူစိုက် တောင်သူများ ထံမှ သိရသည်။
-
''အခု တရုတ်နိုင်ငံရဲ့ တစ်ဧကအထွက်နှုန်းက ပိဿာချိန် ၄ဝဝဝ ကနေ ၅ဝဝဝ အထိထွက်တယ်။   ဒီမှာက တစ်ဧက ပိဿာချိန် ၁၈ဝဝ ကျော်ပဲထွက်တော့  နှစ်ဆလောက် အထွက်နှုန်းနည်းနေတာ။  နောက်ပြီး အရည်အသွေးပိုင်း ကျတော့လည်း   မယှဉ်နိုင်ဘူး။
-
သူတို့ဆီမှာစိုက်သလို    နည်းစနစ်တကျနဲ့ မျိုးကောင်းမျိုးသန့်ရရှိပြီး   စိုက်နိုင်မယ်ဆိုရင်  တောင်သူတွေလည်း အဆင်ပြေမယ်။  မြေအမျိုးအစားက မြန်မာနိုင်ငံက ပိုကောင်းပေမယ့်  မျိုးကတော့   ပြောင်းလဲစိုက်ပျိုးဖို့ လိုနေသေး တယ်'' ဟု ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့ရှိ   ကြက်သွန်ဖြူစိုက် တောင်သူ   ဦးဖြူလွင် ကပြောသည်။
-
တရုတ်နိုင်ငံသည် ကြက်သွန်ဖြူ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု အကောင်းဆုံး နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကြက်သွန်ဖြူစိုက်ဧက ခုနစ်သိန်းကျော်ရှိကာ ရှမ်းပြည်နယ် (တောင်ပိုင်း)၌ ကြက်သွန်ဖြူစိုက်ဧက ၃ဝဝဝဝ နီးပါးစိုက်ပျိုးကြပြီး တန်ချိန် ၉ဝဝဝဝ ကျော် ပိုလျှံကြောင်း သိရသည်။
-
မြန်မာနိုင်ငံ၌  ကြက်သွန်ဖြူကို အောက်တိုဘာလနှင့်  နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထွက်ရှိကြောင်း၊ စိုက်ပျိုးချိန်အပေါ် မူတည်၍ ဧပြီ လဆန်းပိုင်းတွင်  ကြက်သွန်ဖြူ လှိုင်လှိုင်ထွက်လေ့ ရှိကြောင်း သိရသည်။
-
လက်ရှိတွင် ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူမျိုးများကို ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊  ထူး-၅  ဟူ၍   အဆင့်ခွဲခြား၍ ဈေးကွက်အတွင်း   ရောင်းဝယ်လျက်ရှိပြီး မျိုးခြား ထူး-၁၊ ထူး-၂ တို့ကို ဒေသတွင်း၌သာ  အရောင်း အဝယ်ပြုလုပ်ကြကာ ထူး-၃၊ ထူး-၄၊ ထူး-၅ တို့ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment