-
ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၅
-
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးရှိ ပတ်ဝန်းကျင်ဒေသများမှ ထွက်ရှိသော ပင်လယ်ထွက် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အိမ်တွင်းအလှဆင်ပစ္စည်းများ ယခုအခါ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
-
အဆိုပါ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ခရုပုတီးများနှင့် လက်ဆောင်ပစ္စည်းများကို ဟိုင်းကြီးကျွန်းအနီး ပင်လယ်ကမ်း ခြေရွာများမှ ပြုလုပ်ပြီး ယခင်က မော်တင်စွန်းဘုရားပွဲကာလတွင်သာ ရောင်းချရာမှ ယခုအခါ တစ်နှစ်ပတ်လုံး ရောင်းချနေရပြီး လုပ်ငန်းလုပ်ကိုင်သူများ အပိုဝင်ငွေ ရရှိလျက်ရှိသည်။
-
ယခုအခါ ဘုရားပွဲကာလမတိုင်မီလာရောက်ကြသည့် ခရီးသွား ဧည့်သည်များအနေဖြင့်လည်း တန်ဖိုးထားဝယ်ယူ မှုများရှိခြင်းကြောင့် အမှတ်တရလက်ဆောင်အဖြစ် ရောင်းအားကောင်းလျက်ရှိကာ ကြွေစေ့၊ ခရု၊ ခုံးခွံ၊ ယောက်သွား များကို အသုံးပြုပြီး စိတ်ဝင်စားဖွယ်ပြုလုပ်ထားသည့် ရောင်စုံပုတီးကုံးများ၊ ဇီးကွက်ရုပ်များ၊ အိမ်တွင်း အလှဆင် မီးဆိုင်းများအား ငွေကျပ် ၅ဝဝ မှ ၇ဝဝဝ အထိပစ္စည်းအမျိုးအစားများအလိုက် ရောင်းချရသည်။
-
အဆိုပါ ပင်လယ်ထွက် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အိမ်တွင်းအလှဆင်ပစ္စည်းများကို နယ်ဝေးဘုရားဖူး များ သာမက ဒေသတွင်းမှလည်း စိတ်ဝင် တစားလာရောက်ဝယ်ယူမှုများ ရှိသောကြောင့် ပြုလုပ်ရောင်းချသူများ အနေဖြင့် အပိုဝင်ငွေရရှိပြီး အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
-
#မြ၀တီသတင်းစာ
No comments:
Post a Comment