Pages

Tuesday, November 6, 2018

ဘာရိန်းနိုင်ငံ သံအမတ်ကြီး အဖြစ် မစ္စတာ အာမတ် အဘတ်ဒူလာ အာမတ် အယ်လ်ဟာမာစီ အယ်လ်ဟာဂျယ်ရီ အား ခန့်အပ်ရန် သဘောတူ

ဘာရိန်းနိုင်ငံ သံအမတ်ကြီး အဖြစ် မစ္စတာ အာမတ် အဘတ်ဒူလာ အာမတ် အယ်လ်ဟာမာစီ အယ်လ်ဟာဂျယ်ရီ အား ခန့်အပ်ရန် သဘောတူ
-
နေပြည်တော်    နိုဝင်ဘာ    ၆
-
ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဘာရိန်းနိုင်ငံ သံအမတ်ကြီး အဖြစ် မစ္စတာ အာမတ် အဘတ်ဒူလာအာမတ် အယ်လ်ဟာမာစီ အယ်လ်ဟာဂျယ်ရီအား ခန့်အပ်ရန် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
-
မစ္စတာ အာမတ် အဘတ်ဒူလာ အာမတ် အယ်လ်ဟာမာစီ အယ်လ်ဟာဂျယ်ရီသည် ၁၉၈၃ ခုနှစ်တွင် မော်ရိုကိုနိုင်ငံရှိ ပဉ္စမမြောက် မိုဟာမတ်တက္ကသိုလ်မှ ဥပဒေဘာသာရပ်ဘွဲ့ ရရှိခဲ့သည်။ ၎င်းသည် ၁၉၈၆ ခုနှစ်မှ စတင်ကာ ဆွစ်ဇာ လန် နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ ဘာရိန်းနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ တရုတ်၊ ကူဝိတ်၊ ပြင်သစ်နှင့် ယူအေအီးနိုင်ငံဆိုင်ရာ ဘာရိန်းသံရုံးများတွင် ရာထူး တာဝန်အဆင့်ဆင့်ဖြင့် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်မှ စတင်၍ ဘာရိန်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန လူ့အခွင့်အရေးဌာန၏ အကြီးအကဲအဖြစ် လည်းကောင်း၊ ၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ရုရှားနိုင်ငံရှိ ဘာရိန်းသံရုံး၌ အာဏာကုန် လွှဲအပ်ခြင်းခံရသော သံမှူးကြီးအဖြစ်လည်းကောင်း၊ ၂ဝ၁၁ ခုနှစ်မှစတင်၍ ဘာရိန်းနိုင်ငံ ခြားရေးဝန်ကြီးဌာန ဥပဒေရေးရာ ဌာနတွင် ခေတ္တညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၈ ခုနှစ်တွင် ၎င်းသည် ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဘာရိန်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၎င်းသည်  အင်္ဂလိပ်ဘာသာနှင့် ပြင်သစ်ဘာသာစကား တတ်ကျွမ်းသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment