Pages

Thursday, November 1, 2018

တောင်ကြီးမြို့၊ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၂ဝ)ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော် စာမေးပွဲ ဖွင့်ပွဲပြုလုပ်

တောင်ကြီးမြို့၊ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၂ဝ)ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော် စာမေးပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော် အောက်တိုဘာ ၃၁
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံဂေါပက အဖွဲ့မှကြီးမှူး ကျင်းပသော (၂ဝ)ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော် စာမေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့လယ် ဓမ္မာရုံ၌ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ ကမ္ဘောဇသာမဏေကျော် စာမေးပွဲကျင်းပရေး အဖွဲ့၏  သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ  စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များနှင့်  ဒေသခံပြည်သူများ  တက်ရောက်ကြသည်။
-
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာနနာယကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တက ညောင်ရွှေမြို့၊ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာန နာယက   နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ၏ သရဏီယသြဝါဒ ဂါထာတော်အား ဖတ်ကြားတော်မူပြီး မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ ဥက္ကဋ္ဌက ကမ္ဘောဇသာမဏေကျော် စာမေးပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်း လျှောက်ထားသည်။
-
ဆက်လက်၍ သိမ်တောင်ပရိယတ္တိ စာသင်တိုက်   စာချဆရာတော်  ဘဒ္ဒန္တဉာဏဝံသ လင်္ကာရက သာမဏေကျော်လောင်းလျာများအား ထီးဖြူတော်ဖွင့် ဂါထာတော်ဖြင့် ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကနက္ကဒဏ် ထီးဖြူတော်များ ဖွင့်လှစ်ကာ အမွှေးနံ့သာဖြင့် ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် ပုစ္ဆကဆရာတော်ကြီးများက သာမဏေကျော်လောင်းလျာများအား အာဂုံနှုတ်မေးခွန်းများ မေးမြန်းဖြေဆိုတော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
-
အဆိုပါကမ္ဘောဇသာမဏေကျော် စာမေးပွဲကြီးကို ၁၉၉၉ ခုနှစ်မှစတင်၍ နှစ်စဉ်မပြတ် ပြုလုပ်ခဲ့ပြီး ယနေ့ပြုလုပ်သည့်ကမ္ဘောဇသာမဏေကျော် စာမေးပွဲကြီးတွင် ပထမအဆင့် စာမေးပွဲ၌ သံဃာတော် ၅ဝ၆ ပါး၊ ဒုတိယအဆင့်စာမေးပွဲ၌ သံဃာတော် ၂၇၇ ပါးနှင့်တတိယအဆင့် စာမေးပွဲ၌ သံဃာတော် ၁၄ဝ ပါး၊ စုစုပေါင်း သံဃာတော် ၉၂၃ ပါးတို့ ဝင်ရောက်ဖြေဆိုကြကာ စာမေးပွဲကို နိုဝင်ဘာ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။   
-
(၁ဝဝ) 
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment