Pages

Wednesday, November 28, 2018

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ
-
နေပြည်တော်  နိုဝင်ဘာ  ၂၇ 
-
ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ်ဆိပ်ခံတံတားမှ ထွက်ခွာရာ  သန်လျင်တပ်နယ် တပ်နယ်မှူး  ဗိုလ်ချုပ်ဌေးနိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။
-
အဆိုပါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)တွင် ပါရဂူ ၁၄ ဦး၊ ဆေးမှူး ငါးဦး၊ သူနာပြုအရာရှိ ရှစ်ဦး၊ သူနာပြုစစ်သည်၄၃ ဦးတို့အပါအဝင် စုစုပေါင်း ၇ဝ ဦးတို့ လိုက်ပါသွားကြပြီး ရခိုင်ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment