Pages

Thursday, November 29, 2018

တားမြစ် ပစ္စည်းများအား သိမ်းဆည်းကာ မီးရှို့ဖျက်ဆီး

တားမြစ် ပစ္စည်းများအား သိမ်းဆည်းကာ မီးရှို့ဖျက်ဆီး
-
ကလေး နိုဝင်ဘာ ၂၈ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်  စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများသည် ကလေးမြို့ပေါ် ဗိုလ်ချုပ်လမ်းမဘေး  တာဟန်းရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်များသို့    ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး   သိမ်းဆည်းရမိသော တားမြစ်ပစ္စည်းများကို  ယမန်နေ့က ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန ရုံးဝင်းအတွင်း၌ မီးရှို့ဖျက်ဆီးကြသည်။ 
-
ထိုသို့မီးရှို့ဖျက်ဆီးရာတွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိ သူများက ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းရမိသော တားမြစ်ပစ္စည်းများနှင့် အတူ သက်တမ်းလွန်နေသော စားသောက်ကုန် ၁၇ မျိုး၊မှိုတက် အစားအစာရှစ်မျိုး၊ ထုပ်ပိုးမှု မကောင်းသည့် စားသောက်ကုန် ၁၁ မျိုးနှင့် FDA မှ စားသုံးရန်မသင့်ဟု ကြေညာထားသော စားသောက်ကုန်တစ်မျိုး စုစုပေါင်းစားသောက်ကုန် ၃၇ မျိုး၊ ၂၁၁ ထုပ်၊ ၁၆ ဘူးနှင့်  ဆေးဆိုင်မှ လာရောက်အပ်နှံသော   သုံးစွဲရန်  မသင့်ဆေးဝါး ၁၈ မျိုးပေါင်း  ၄၄ ဘူးနှင့် ၅၁ ကတ်၊ အလှကုန်ပစ္စည်း နှစ်မျိုးပေါင်း ၁ဝ ဘူး စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁ဝ၅၅၈ဝ တို့ကို မီးရှို့ဖျက်ဆီးကြသည်။
-
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူများ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရေး၊ စားသုံးသူပြည်သူ များ၏ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းစေရေးအတွက်  ကလေးဒေသအတွင်း စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှု မရှိစေရေး မိတ်ဖက်ဌာန များနှင့်အတူ ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ လမ်းညွှန်ချက်များအရ   ဈေးကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို   လစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment