Pages

Friday, November 2, 2018

ဘူးသီးတောင် သင်္ဘောဆိပ်၌ ငွေကျပ်သိန်း ၁၉ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဘူးသီးတောင် သင်္ဘောဆိပ်၌ ငွေကျပ်သိန်း ၁၉ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော်  နိုဝင်ဘာ  ၁ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ အောက်တိုဘာ  ၃၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဘူးသီး တောင်သင်္ဘောဆိပ်၌ စစ်တွေမြို့မှ ရောက်ရှိ ဆိုက်ကပ် လာသော အောင်ကျော်မိုး အမည်ရှိ သင်္ဘောအားရှာဖွေစစ်ဆေးရာ သင်္ဘောကုန်းပတ်၌ ရေခဲပုံး လေးပုံးဖြင့် ထည့်ထားသော WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၉၇၅ဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၉ဝဝ ကျော်) အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
စစ်ဆေး မေးမြန်းချက်များအရ အဆိုပါ ရေခဲပုံးများမှာ စစ်တွေမြို့နေ အောင်ကျော်မိုးအမည်ရှိ သင်္ဘောကုန်ပို့တာဝန်ခံ ဦးအောင် ကျော်ထွန်းမှ  တင်ဆောင်ခဲ့ကြောင်းသိရှိရသဖြင့်  ၎င်းအား  သွားရောက် ဖမ်းဆီးပြီး ဘူးသီးတောင်မြို့မ ရဲစခန်းမှ တရား ဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment