
ရန်ကုန် နိုဝင်ဘာ ၇
-
၂ဝ၁၈ခုနှစ် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်မြားပစ်ပြိုင်ပွဲ 7th South East Asian Open Archery Championship-2018 ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ မြားပစ်ကွင်း ဂိတ်အမှတ်(၅)၌ကျင်းပသည်။
-
ဆုပေးပွဲတွင် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ နာယက ဒေါ်ခင်မျိုးနွယ်က အမျိုးသမီး Compound တစ်ဦးချင်း အမှတ်ပေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ထိုင်း)မှ Nareumon Junsook ၊ ဒုတိယဆု ရရှိသည့် (ထိုင်း) မှ Kanyavee Manee Sombadkul နှင့် တတိယဆုရရှိသည့် (လာအို)မှ Phone Kamkeo တို့ကို ဆုများ အသီးသီး ပေးအပ်သည်။
-
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးအား ကစားအဖွဲ့ချုပ်မှ နာယက ဒေါ်ထွေးထွေးဝင်း က အမျိုးသမီး တစ်ဦးချင်း ရှုံး/ ထွက် Recurve ပြိုင်ပွဲတွင် ပထမဆုရရှိသည့်(ဟောင်ကောင်)မှ Lee Shuk Kwan ၊ ဒုတိယဆု ရရှိသည့်(မြန်မာ) မှ ပြည့်စုံနှင်းနှင့် တတိယဆု ရရှိသည့် (ဟောင်ကောင်)မှ Cheng Ching Yi တို့ကို ဆုများ အသီးသီး ပေးအပ် သည်။ ယင်းနောက် Judge Chairman of World Archery ASSA မှ Mr. Frankie Hoong Mau Sui က အမျိုးသား တစ်ဦးချင်း ရှုံး/ထွက် Recurve ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် (ဘင်္ဂလားဒေ့ရှ်)မှ MD. Emdadul Haque Milon ကိုလည်းကောင်း၊ ဒုတိယဆု ရရှိသည့် (ထိုင်း)မှ Denchai Thepna နှင့် တတိယဆု ရရှိသည့် (မြန်မာ)မှ ထိုက်လင်းဦးတို့ကို လည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတောက်ထွန်းက အမျိုးသား တစ်ဦးချင်းရှုံး/ထွက် Compound ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မြန်မာ)မှ ဇင်သူရိန်မှူး၊ ဒုတိယဆု ရရှိသည့် (ဟောင်ကောင်) မှ Tsui Chun Kit နှင့် တတိယဆု ရရှိသည့် (လာအို)မှ Lot Outt-aliyang တို့ကို လည်းကောင်း၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မြတ်သူရစိုးက အမျိုးသမီးတစ်ဦးချင်းရှုံး/ ထွက် Compound ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ထိုင်း)မှ Kan Yuavee Manee Sombatkul၊ ဒုတိယဆုရရှိသည့် (မြန်မာ)မှ ခက်ခက်တုံနှင့် တတိယ ဆုရရှိသည့်(ထိုင်း)မှ Nareumon Junsook တို့ကို လည်းကောင်း ဆုများပေး အပ်သည်။
-
ဆက်လက်၍ Vice President and Secretary General of SEAAF, Maji. (Rtd) Baharuddi Jamil က အမျိုးသား အသင်းလိုက် ရှုံး/ထွက် Recurve ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် (မြန်မာ-က) အသင်း၊ ဒုတိယ ဆုရရှိ သည့် (ထိုင်း) အသင်းနှင့် တတိယဆု ရရှိသည့် (မြန်မာ-ခ)အသင်းတို့ကို လည်းကောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က အမျိုးသား အသင်းလိုက်ရှုံး/ထွက် Compound ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ဟောင်ကောင်) အသင်း၊ ဒုတိယဆု ရရှိသည့်(လာအို) အသင်းနှင့် တတိယဆု ရရှိ သည့် (မြန်မာ) အသင်း တို့ကိုလည်းကောင်း၊ Vice President of World Archery & President of SEAAF မှ အမျိုးသမီး အသင်းလိုက်ရှုံး/ထွက် ဃသာစသကညိ ပြိုင်ပွဲတွင် ပထမဆုရရှိ သည့် (ထိုင်း)အသင်း၊ ဒုတိယ ဆုရရှိသည့်(မြန်မာ)အသင်းနှင့် တတိယဆုရရှိသည့်(လာအို) အသင်းတို့ကို လည်းကောင်း ဆုများ ပေးအပ်သည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်မှ နာယက ဒေါ်နန်း အေးခိုင်က Compound Mixed Team ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မြန်မာ)အသင်း၊ ဒုတိယဆု ရရှိသည့် (ဟောင်ကောင်) အသင်းနှင့် တတိယဆုရရှိသည့် (လာအို)အသင်း၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌကိုယ်စား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဦးက Recurve Mixed Team ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်(မြန်မာ)အသင်း၊ဒုတိယ ဆုရရှိသည့် (ဘင်္ဂလားဒေ့ရှ်) အသင်းနှင့် တတိယဆု ရရှိသည့် (ဟောင်ကောင်)အသင်း၊ နိုင်ငံအလိုက် ရွှေ ၁ဝခု၊ ငွေခြောက်ခု၊ ကြေးခုနစ်ခုဖြင့် ပထမဆုရရှိ သွားသော မြန်မာအသင်းကို ဆုဖလားနှင့် အမေရိကန် ဒေါ်လာ ၅ဝဝ၊ ရွှေ လေးခု၊ ငွေ ငါးခု၊ ကြေး တစ်ခု ဖြင့် ဒုတိယဆု ရရှိသွားသော ထိုင်းအသင်းကို ဆုဖလားနှင့် အမေရိကန် ဒေါ်လာ ၂၅ဝ နှင့် ရွှေသုံးခု၊ ငွေသုံးခု၊ ကြေးငါးခုဖြင့် တတိယဆု ရရှိသွားသော ဟောင်ကောင်အသင်းကို ဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၁ဝဝ တို့ကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment