Pages

Thursday, November 15, 2018

မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သည့် အဖျောက်မြို့၌ မြစ်ကမ်းပါး အနီးရှိ နေအိမ်များအား တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီရွှေ့ပြောင်း

မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သည့် အဖျောက်မြို့၌ မြစ်ကမ်းပါး အနီးရှိ နေအိမ်များအား တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီရွှေ့ပြောင်း
-
နေပြည်တော်   နိုဝင်ဘာ   ၁၄ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပန်းတုံးပိတ်ကျေးရွာ အလယ်ပိုင်း၌ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းပါး အနီးရှိ နေအိမ်နှစ်လုံး ပြိုကျပျက်စီး၍ မြစ်အတွင်း မျောပါသွားခဲ့သည်။
-
မြစ်ကမ်းပါးပြိုကျမှုကြောင့် လူများထိခိုက် ဒဏ်ရာရရှိမှု မရှိသော်လည်း မြစ်ကမ်းပါး အနီးနေထိုင်လျက်ရှိသည့်   နေအိမ်များမှ ဒေသခံပြည်သူများ၏ ဆန္ဒအရ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီး တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  ၎င်းတို့၏ နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရေဘေးကင်းလွတ်ရာ နေရာများသို့ ကူညီ ရွှေ့ပြောင်းပေး ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment