Pages

Friday, November 23, 2018

မိတ္ထီလာမြို့ နဂါးရုံ မဟာဗောဓိ စေတီတော်၌ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲနှင့် ခြင်းအလှခတ်ပွဲ ကျင်းပ

မိတ္ထီလာမြို့ နဂါးရုံ မဟာဗောဓိ စေတီတော်၌ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲနှင့် ခြင်းအလှခတ်ပွဲ ကျင်းပ
-
မိတ္ထီလာ  နိုဝင်ဘာ  ၂၂ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိ စေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့်(၄၈)ကြိမ်မြောက်  မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲနှင့်  ခြင်းအလှခတ်ပွဲဖွင့်ပွဲကို အဆိုပါ စေတီတော်၌ ယမန်နေ့က  ကျင်းပသည်။
-
ရှေးဦးစွာ အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မဟာဗောဓိစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
-
ယင်းနောက် သဒ္ဓမ္မဝံသာရုံပါဠိ တက္ကသိုလ် စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ကြီးနှင့် တိုက်အုပ်ဆရာတော်ကြီးများထံမှ တက်ရောက်လာကြသူများက  သြဝါဒခံယူပြီး နဂါးရုံမဟာဗောဓိ စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ သရက်တန်းကျေးရွာမှ မယ်ယသော်အဖွဲ့၊ ကတ္တူကန် ကျေးရွာမှ  သာမာဝတီအဖွဲ့၊ ကျောက်ပုံကျေးရွာမှ ဂေါတမီအဖွဲ့၊  ရွာသစ်ကျေးရွာမှ ဝိသာခါအဖွဲ့နှင့် ညောင်ပင်လျှိုကျေးရွာမှ မယ်ဟေမာအဖွဲ့တို့က  ပြိုင်ပွဲဝင်ရက်ကန်း စင်တော်ငါးစင်ဖြင့် အလျား ၁၈ တောင်၊ အနံ ၂၁ လက်မရှိ  မသိုးသင်္ကန်းများ ယှဉ်ပြိုင်ရက်လုပ် ပူဇော်နေမှုနှင့်  နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် မျိုးမင်းသူ၊ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မျိုးဇော်ဦး၊ မန္တလေးတိုင်း ဒေသကြီး ရွှေတံဆိပ်ဆုရှင်   ပပဟန် (တစ်ပင်တိုင်ခြင်း အလှခတ်)တို့နှင့်အတူ မန္တလေးတိုင်း ဒေသကြီး လက်ရွေးစင်၊ မိတ္ထီလာခရိုင်  လက်ရွေးစင်၊ ဝမ်းတွင်း၊  ပျော်ဘွယ်မှ ခြင်းညီအစ်ကိုများ၊ မိတ္ထီလာမြို့မှ ခြင်းဝါသနာရှင်များက ခြင်းအလှခတ်ပြသနေမှုကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment