Pages

Tuesday, November 27, 2018

အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ပခုက္ကူ) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ပခုက္ကူ) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
-
နေပြည်တော်  နိုဝင်ဘာ ၂၆ 
-
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပခုက္ကူ)၌ ယနေ့တွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု သင်တန်းများ သင်တန်းအမှတ်စဉ်(၂) ဆင်းပွဲ၊ သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲနှင့် အခြေခံအိမ်တွင်း သင်တန်း အမှတ်စဉ် (၃၉/၂ဝ၁၈)၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၆/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
-
ရှေးဦးစွာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ဟိုတယ် သင်တန်းဆင်းသူများအား အောင်လက်မှတ် ပေးအပ်သည်။
-
ထို့နောက် သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းဝင်းအတွင်းရှိ စားရိပ်သာ၊ စားဖိုဆောင်၊ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
-
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော ဒေသများမှ တိုင်းရင်းသား၊တိုင်းရင်းသူများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးလျက်ရှိရာ ထပ်မံတိုးချဲ့ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများမှ သင်တန်းဆင်း ၃ဝဝ ဦးတို့အား အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် ယနေ့ဖွင့်လှစ်သည့်ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများတွင် သင်တန်းသား၊ သင်တန်းသူ ၇၅ ဦး၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသူ ၆ဝ ဦး၊ အဆင့်မြင့်စက်ချုပ် သင်တန်းတွင် သင်တန်းသူ ၄ဝ ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment