Pages

Friday, November 30, 2018

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၂၉ 
-
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏  ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ   ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်   မန္တလေး  နန်းမြို့အတွင်း နန်းဦးဆုတောင်းပြည့် မြတ်စွာဘုရားရှိ 

ရန်အောင်မြင်ဓမ္မာရုံ၌ ပြုလုပ်ရာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာနန္ဒီသေနာရာမတိုက် နဝမအုဌ်ကျောင်း ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထ 

ဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်ဝတ်ရွတ် အသင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တက်ရောက်လာကြသူများက ချမ်းမြသာစည်မြို့နယ်  တောင်ထီးလင်းတိုက် ကွန်ချာကျောင်း ပဓာနနာယက ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး 

သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
-
အဆိုပါပဋ္ဌာန်း ဒေသနာတော်ရွတ်ဆို ပူဇော်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်ဝတ်အသင်း ၂၂ သင်းဖြင့် ဒီဇင်ဘာ ၃ ရက်အထိ ယှဉ်ပြိုင်ရွတ်ဆို 

ပူဇော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment