Pages

Monday, November 26, 2018

ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ထောက်ခံပွဲ ကျင်းပ

ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ထောက်ခံပွဲ ကျင်းပ
-
လားရှိုး  နိုဝင်ဘာ  ၂၅
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာတပ်မတော်အား ချစ်ခင်မြတ်နိုးသူများ အဖွဲ့က ဦးဆောင်၍ ယနေ့ နံနက်ပိုင်းတွင်  ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော်အတွက် ဒို့တာဝန် အရေးသုံးပါးနှင့်  ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး အကျိုးကို ကာကွယ်စောင့်ရှောက်နေသော မြန်မာတပ်မတော်၏ ရပ်တည်ချက်နှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်းညီညွတ်စွာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော  ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား  ကြိုဆိုထောက်ခံပွဲ ကျင်းပသည်။
-
အဆိုပါထောက်ခံပွဲသို့ သံဃာ အပါး၂ဝဝနှင့်အတူ လားရှိုး၊ နောင်ချို၊   သီပေါ၊  ကျောက်မဲ၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ ကွမ်းလုံ၊ တန့်ယန်း၊   မိုင်းရယ်မြို့နယ်တို့မှ မြန်မာတပ်မတော်အား ချစ်ခင်မြတ်နိုးသူ တိုင်းရင်းသားပြည်သူ  ၁၈၅ဝဝ ကျော်က နိုင်ငံတော်အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဓာတ်ပုံ၊ တပ်မတော် ကြည်း၊  ရေ၊ လေ အလံများ ကိုင်ဆောင်၍ ပြည်ထောင်စုကြီး ထာဝရမပြိုကွဲရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊    အချုပ်အခြာ အာဏာ  တည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေးသုံးပါးအား  ကာကွယ်စောင့်ရှောက်နေသည့်   တပ်မတော်အား  အစဉ်ဝန်းရံရေး၊    ပြည်ထောင်စုပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊   တပ်မတော်ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ စသည့်  ကြွေးကြော်သံများနှင့် အတူ မြို့တော်ခန်းမရှေ့မှ ပြည်နယ် အားကစားကွင်းသို့  ပြည်ထောင်စု လမ်းမကြီးအတိုင်း  ချီတက်ကြသည်။ထို့နောက်  အဆိုပါအားကစားရုံ၌ တပ်မတော် ရပ်တည်ချက်များအား ထောက်ခံသည့် အကြောင်းအရာ ဟောပြောပွဲကို ကျင်းပသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ  ယခုအကြိမ် အပါအဝင် ၁၃၆ ကြိမ် စုစုပေါင်း အင်အား ၇ဝဝ၃၅ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ  ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment