Pages

Thursday, November 1, 2018

ငွေကျပ်သိန်း ၂ဝဝဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

ငွေကျပ်သိန်း ၂ဝဝဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၃၁
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ် ဝင်/ထွက်မှုများအား စစ်ဆေးစဉ် အောက်တိုဘာ ၃ဝ ရက် ည ၁ဝ နာရီခန့်တွင် ခိုလမ်မြို့ဘက်မှ ကွန်ဟိန်းမြို့ဘက်သို့ စိုင်းစံမြ(ဘ)ဦးစိုင်း မောင်းနှင်လာသည့် ဟွန်ဒါဖစ်အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ထည့်၍ သယ်ဆောင်လာသည့် အိုက်စ်ပုံဆောင်ခဲအမှုန့် ၈ဝ ကီလို ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂ဝဝဝဝ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ခိုလမ်နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ပြီး တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment