Pages

Wednesday, October 3, 2018

မုံရွာမြို့၌ တပ်မတော် ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ


မုံရွာ အောက်တိုဘာ ၂
-
မြန်မာနိုင်ငံ   စစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်း ဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့က  ကြီးမှူးကျင်းပသည့် တပ်မတော်ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို 

ယနေ့နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။
-
''ယနေ့ပြုလုပ်တဲ့ပွဲကတော့ မုံရွာမြို့နယ် အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်း အဖွဲ့တွေ စုပေါင်းပြီး ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။ စုစုပေါင်းအင်အား ၂၃ဝ ဦး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ 

ရည်ရွယ်ချက်ကတော့ စစ်မှုထမ်း ဟောင်းရည်ရွယ်ချက် (၄) ရပ်ထဲက နံပါတ်နှစ် ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းတွေမှာ တပ်မတော် အရန်အင်အားအဖြစ်နဲ့   တာဝန်သိသိ 

ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့ ရည်ရွယ်ချက် အတိုင်း  မိမိတို့ သဘောဆန္ဒအလျောက် အကောင်အထည်ဖော် လုပ်ဆောင်တာဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာတပ်မတော်အပေါ် နိုင်ငံတကာ ပြည်ပမီဒီယာတွေက ဖိအားပေး 

လုပ်ဆောင်နေတာတွေ၊ မဟုတ်မမှန် စွပ်စွဲပြောဆိုနေတာတွေအပေါ် ကျွန်တော်တို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး တစ်ဖွဲ့လုံး  ဆန့်ကျင်ပါတယ် ဆိုတာကို နိုင်ငံတကာက သိအောင် ထုတ်ဖော်ဆန္ဒပြတာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ဒီလိုလုပ်ဆောင်ခြင်းကလည်း  မြန်မာတပ်မတော် အပေါ် ဖိအားပေး လုပ်ဆောင်နေတဲ့ နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ကြီး တစ်ဖွဲ့လုံးက မြန်မာတပ်မတော် အပေါ်ထားရှိတဲ့ ရပ်တည်ချက်ကို 

သိရှိနားလည်နိုင် မယ်လို့ ထင်ပါတယ်''ဟု  မုံရွာမြို့နယ်  စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးတင်ငွေ(ငြိမ်း)က ပြောသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မုံရွာမြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂၃ဝ ဦးက နိုင်ငံတော်အလံများ၊စစ်မှုထမ်းဟောင်း အလံများနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ 

တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏   မမျှမတ တစ်ဖက်သတ် 

အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊  တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊  APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ ဟူသော ဆိုင်းဘုတ်များ 

ကိုင်ဆောင်၍  တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင်  ၄၉ ကြိမ် စုစုပေါင်းအင်အား ၅၉ဝ၉၄၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း 

တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment