Pages

Wednesday, October 3, 2018

ရေကြီးနစ်မြုပ်ပျက်စီးလယ်မြေများအတွက် အစားထိုးစုပေါင်းစိုက်ပျိုး


ဘားအံ အောက်တိုဘာ ၂
-
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝါးဆူး ကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက ရေကြီး နစ်မြုပ် ပျက်စီး လယ်မြေများအတွက် အစားထိုး စုပေါင်းစိုက်ပျိုးပွဲ ကျင်းပကြောင်း သိရသည်။
-
စုပေါင်း စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကော့ထမ္မလိန်း တိုက်နယ်၊ ထုံးအိုင်တိုက်နယ်နှင့် ဘားကပ်တိုက်နယ်တို့မှ တောင်သူ လယ်သမားများနှင့် တွေ့ဆုံ၍ ကရင် ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိက အားထား ဆောင်ရွက်နေရပြီး ယခုနှစ် ရေကြီး ရေလျှံမှု ကြောင့် စိုက်ပျိုးပြီး မိုးစပါးများ ထိခိုက် ပျက်စီးခဲ့ရသည့်အတွက် ပြည်နယ်အစိုးရမှ လိုအပ် သော မျိုးစပါးများကို တောင်သူ လယ်သမားများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဖြန့်ဖြူးပေးခြင်း အပြင် စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ပြည် နယ်အတွက် ကွန်ပေါင်းဓာတ်မြေသြဇာ ၆၄၃၄ အိတ်ခန့် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ် ကြောင်း၊ တောင်သူများ စိတ်ဓာတ်မကျဘဲ အထွက်နှုန်း မကျစေရန် ကြိုးပမ်းအားထုတ်နေ သည့် အတွက် ဝမ်းမြောက်ကြောင်း၊ လိုအပ်သည် များကိုလည်း ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဝန်ထမ်းများက တောင် သူများနှင့်အတူ ကိုယ်တိုင်ပါဝင် စိုက်ပျိုးပေးသည်။
-
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်သည် ဝါးဆူးကျောင်းသစ် ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပသည့် ကွန်ပေါင်းမြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင် နှင့်အတူ ကော့ထမ္မလိန်း တိုက်နယ်အတွက် ကွန်ပေါင်း မြေသြဇာ ၆၃၄ အိတ်၊ ထုံးအိုင် တိုက်နယ် အတွက် ကွန်ပေါင်းမြေသြဇာ ၁၅၈၃ အိတ်၊ ဘားကပ် တိုက်နယ်အတွက် ကွန်ပေါင်း မြေသြဇာ ၇၅၅ အိတ် စုစုပေါင်း ၂၉၇၂ အိတ်ကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင် ရာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
-
ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် မိုးစပါး ၃၇၃၁ဝ၉ ဧက စိုက်ပျိုးရန် လျာထားရာ ၃၄ဝ၄၂၁ ဧက စိုက်ပျိုး ပြီးစီးသည့်အနက် ဧက ၃ဝဝဝဝ ကျော် ရေလွှမ်းမိုး ပျက်စီးခဲ့ပြီး လက်ရှိ ဧက ၁၃၇၂ဝ ခန့် ပြန်လည် စိုက်ပျိုး နိုင်သည့်အပြင် အခြားသီးနှံများဖြစ်သော မိုးအစေ့ထုတ်ပြောင်း ၉၈ ဧကနှင့် ချက်ကြံရင့် ဧက ၁၃ဝ ခန့် ပြန်လည် စိုက်ပျိုးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment