Pages

Wednesday, October 3, 2018

ဗန်းမောက်မြို့ နယ်ရှိ ဇလုံတောင်တွင် ခမိုးစခန်းတည်ဆောက်မည်


ဗန်းမောက် အောက်တိုဘာ ၂
-
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တွင် ခမိုးစခန်းတည်ဆောက် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
-
ဇလုံတောင်သို့  လာရောက်မည့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စားသောက်ဆိုင်များ၊ လူနေအိပ်ဆောင်များ၊ ကားရပ်နားကွင်း၊ လက်ဆောင် 
ပစ္စည်းအရောင်းဆိုင်များ စသည့်တို့ပါဝင်မည့် ခမိုးစခန်းတစ်ခုကို ယခုနှစ်အတွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး 
ဦးစီးမှူး ဦးအောင်သူဦးက ပြောပြသည်။
-
"ဇလုံတောင်မှာ ကျိုက်ထီးရိုးမှာရှိတဲ့ ကင်ပွန်းစခန်းပုံစံမျိုး ဒီမှာ ခမိုးစခန်းဆိုပြီးဖွင့်လှစ်ဖို့ရှိတယ်။ အဝေးကလာမယ့်ကားတွေရပ်နားဖို့ ကွင်းတစ်ခု၊  တောင်တက်ကားကွင်း တစ်ခု၊ စာသောက်ဆိုင်ခန်းတွေ 
ပါမယ်၊ အနားယူအပန်းဖြေမယ့် နေရာတွေပါမယ်၊ ကျန်းမာရေး စောင့်ရှောက်ပေးဖို့ပါမယ်၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေပါမယ်၊ တည်းခိုလို့ရမယ့် အိပ်ဆောင် တွေပါမယ်။ ဇလုံတောင်ခမိုးစခန်း 
မှာ  အားလုံးပြည့်ပြည့်စုံစုံပါမယ်" ဟု ၎င်းက ပြောပြသည်။
-
ပြီးခဲ့သည်နှစ်က ဇလုံတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် နှစ်သိန်းကျော် လာရောက် လည်ပတ်ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ကထက် ခရီးသွားဧည့်သည် ပိုမိုလာရောက်လည်ပတ်မည် 
ဟုမျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment