Pages

Monday, October 29, 2018

ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းနှင့် နယ်နိမိတ်မျဉ်းတွင် နေထိုင်သူများအား တွေ့ဆုံ သတင်းရယူ


မောင်တော အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့တွင် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းနှင့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတွင် နေထိုင်သူများအား သွားရောက်တွေ့ဆုံ သတင်းရယူကြသည်။
ရှေးဦးစွာ    သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲမြို့ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားသို့ သွားရောက်ကြည့်ရှု သတင်းရယူကြသည်။

ထို့နောက်   သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းသို့  ရောက်ရှိကြရာ စခန်းတာဝန်ရှိသူများက ပြန်လည်စိစစ် လက်ခံရေးအတွက် လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စခန်းအတွင်း အသင့်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများက  သိလိုသည်များကို မေးမြန်းသတင်း ရယူကြသည်။
ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း အနီးတွင် နေထိုင်ကြသူများအား တွေ့ဆုံ၍ သိလိုသည်များကို မေးမြန်းသတင်း ရယူကြသည်။
ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့သို့ ရောက်ရှိပြီး လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြသည်။

သတင်းမီဒီယာအဖွဲ့တွင်    Yomiuri Shimbun ၊ MIR၊ Mizzima Weekly ၊ Channel 4 News ၊  Swiss TV၊  MRTV၊  MITV၊  MNA တို့မှ သတင်းမီဒီယာသမား များ ပါဝင်ကြကြောင်း သိရသည်။

No comments:

Post a Comment