Pages

Wednesday, October 3, 2018

အာရှ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကစားသမားများ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ


နေပြည်တော် အောက်တိုဘာ ၂
-
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အောက်တိုဘာ ၆ ရက်မှ ၁၃ ရက်ထိ ကျင်းပပြုလုပ်မည့် (၃)ကြိမ်မြောက် အာရှ မသန်စွမ်း သူများအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ဝင်းလွင် ဦးဆောင်သော မြန်မာ အားကစားအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာရာ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားက စား အဖွဲ့မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊ ကစားသမားများ၏ မိဘ၊ ဆွေမျိုးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ခဲ့ကြသည်။
-
အဆိုပါ(၃)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၈နည်း ထည့်သွင်း ကျင်းပမည် ဖြစ်ရာ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၂ နိုင်ငံမှ မသန်စွမ်းအားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး မြန်မာမသန်စွမ်း အားကစားသမား များက ပြေးခုန်ပစ်၊ ရေကူး၊ မျက်မမြင် စစ်တုရင်နှင့် ထိုင်လျက် ဘော်လီဘော ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
-
၂ဝ၁၄ ခုနှစ်၊ ကိုရီးယားနိုင်ငံ၊ အင်ချွန်း မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂)ကြိမ်မြောက် မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၁နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံ မသန်စွမ်း အားကစား သမားများ အနေဖြင့် ပြေးခုန်ပစ် အားကစားနည်းတွင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု၊ ရေကူး အားကစားနည်းတွင် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်ငါးခု ရရှိခဲ့ကာ နိုင်ငံအလိုက် အဆင့် ၂၂ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment