Pages

Tuesday, October 30, 2018

မောင်တောမြို့အနီး နတ်မြစ်အတွင်း လှေတစ်စင်းပေါ်မှ ငွေကျပ် ၁၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မောင်တောမြို့အနီး နတ်မြစ်အတွင်း လှေတစ်စင်းပေါ်မှ ငွေကျပ် ၁၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၂၉
-
ရခိုင်ပြည်နယ်၊   မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း  တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့၏ အနောက်ဘက် ၆ မိုင်ခန့် အကွာ၌ တစ်ဖက်နိုင်ငံ ဘက်သို့ လှော်ခတ်သွားနေသည့် မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူရာ လှေ အား ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လှော်ခတ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ လှေပေါ် ပါသူများမှာ နတ်မြစ်အတွင်း ခုန်ချထွက်ပြေးသွားခဲ့ပြီး အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ ရေစူး သုည ဒသမ ၅ ပေခန့်ရှိ လက်ခတ်လှေတစ်စင်းပေါ်မှ WY/R စာတန်းပါ  စိတ်ကြွရူးသွပ်ဆေးပြား ၉၆၄ဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၂ သိန်းကျော်) အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ လှေနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား မောင်တောမြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment