Pages

Friday, October 19, 2018

ကျောက်ဆည်မြို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ကျောက်ဆည်မြို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁၈
-
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကြီး၊ စဥ့်ကိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ   ဦးမောင်ဦးနှင့် မြစ်သားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်တို့ ဦးဆောင်၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များသည်   တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက် အာကာသ ကားဂိတ်ဝင်း အတွင်း၌ ကျင်းပသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ကျောက်ဆည်မြို့နယ်၊ စဥ့်ကိုင်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂ဝဝ ဦးခန့်က နိုင်ငံတော်အလံများ၊ စစ်မှုထမ်း ဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံလေးပုံတို့ကို ကိုင်ဆောင်၍ ''မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော  Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာ   အလိုမရှိ ''စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘုတ်များကို  ကိုင် ဆောင်၍ ၄၅ မိနစ်ကြာ  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
-
တပ်မတော်ထောက်ခံပွဲများကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ယခုအကြိမ် အပါအဝင် ၈၆ ကြိမ် စုစုပေါင်း အင်အား ၆၄၇၈ဝ၅ ဦးခန့်ဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-

-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment