Pages

Monday, October 29, 2018

သီပေါမြို့နယ်လုံး ဆိုင်ရာ(၁၂၃)ကြိမ်မြောက် စာရေးတံမဲနှင့် သံဃဒါန ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

သီပေါမြို့နယ်လုံး ဆိုင်ရာ(၁၂၃)ကြိမ်မြောက် စာရေးတံမဲနှင့် သံဃဒါန ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ
-
သီပေါ အောက်တိုဘာ ၂၈ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်လုံးဆိုင်ရာ   နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်သော (၁၂၃)ကြိမ်မြောက်စာရေးတံမဲနှင့်  သံဃဒါန ဆွမ်းကြီးလောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး ပရဝဏ်၌ ကျင်းပသည်။ 
-
ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့   ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ သံဃဒါန  ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပရေး ဦးစီးကော်မတီက ကြီးမှူးပြီး သံဃာတော် ၁၆၇၇ ပါးတို့အား ရပ်ကွက်/ကျေးရွာများမှ စေတနာရှင်ပြည်သူများက   ပဒေသာပင်ပေါင်း  ၁၇၆၅ ပင်  တန်ဖိုးငွေကျပ် ၁၁၄၈၆၉ဝ၆၇   တန်ဖိုးရှိ လှူဖွယ်ဝတ္ထုပစ္စည်းများကို    စာရေးတံမဲ (မဟာဒုက်)ဖောက်ကာ   ဆွမ်းနှင့် ဆွမ်းဟင်းများ   လောင်းလှူခဲ့ကြသည်။ 
-
ထို့နောက် မဟာမြတ်မုနိဘုရားကြီး ရင်ပြင်တော်ပေါ်၌  မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ   ဘဒ္ဒန္တ မိလိန္ဒအရှင်သူမြတ်ထံမှ   သြဝါဒကထာနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  တာဝန်ရှိသူများက သာသနာရေးဆိုင်ရာများကို   တင်ပြလျှောက်ထားကြကာ   လှူဒါန်းမှု အစုစုအတွက်   ရေစက်သွန်းချ အမျှပေးဝေကြကြောင်း  သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment